Monday, 4 May 2015




အမေရိကန် ပြည်ထောင်စုနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကရင်တိုင်းရင်းသူ တဦးဟာ ပညာဆက်လက်သင်ကြားဖို့ ဒေါ်လာ ၂ သိန်း ထောက်ပံ့ကြေးရရှိခဲ့ပါတယ်။

ဂျက်ကန့် ကွတ်ခ် ဖောင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးက တနှစ်ကို ဒေါ်လာ ၅ သောင်းနဲ့ စုစုပေါင်း ဒေါ်လာ ၂ သိန်းကို ၄ နှစ်အတွက် ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ Karenmystory ဘလောဂ့်က ရေးပါတယ်။

“လူတွေက ကျမကို စိတ်ကူးယဉ်သမားလို့ ပြောတယ်၊ ဒီလိုဖြစ်လာဖို့က အိမ်မက်ထဲမှာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်၊ ကျမက နိုင်ငံမဲ့ မွေးဖွားလာသလို အိမ်ပစ်ယာပစ် ထွက်ပြေးလာတဲ့ သူပါ” လို့ ထောက်ပံ့ကြေးရတဲ့ ဖောစံစိုးက ပြောပါတယ်။

ဖောစံစိုးဟာ မြန်မာပြည်က ကရင်တိုင်းရင်းသားတဦး ဖြစ်သလို အိမ်၊ မိသားစု အသိုက်အဝန်းတွေအားလုံး အစိုးရက ဖျက်ဆီးခဲ့တယ်လို့ သူရဲ့ စာမှာ ဖော်ပြထားပါတယ်။ စစ်နဲ့ ပဋိပက္ခကြောင့် တိုင်းပြည်ထဲမှာ ကောင်းကောင်းမနေခဲ့ရလို့ ထိုင်းက ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ခဲ့ရပြီး ၁၃ နှစ်လောက် နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တဦးအနေနဲ့ ထိုင်းကျောင်းကို တက်ခဲ့ရသလို ကျောင်းပြီးရင်လည်း အထောက်အထားမရှိသလို နိုင်ငံသားမဟုတ်တဲ့ အတွက် တက္ကသိုလ်တက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး စာရင်းပေးကာ အထက်တန်းကျောင်းကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ 4 May 2015

0 comments:

Post a Comment