Tuesday, 5 May 2015

 ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ

 အစိုးရတပ်တွေနဲ့ လက်ရှိတိုက်ပွဲဖြစ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဟာ NCCT အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ရှမ်းပြည်နယ် ဝဒေသ ပန်ဆန်းမှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားထိပ်သီးညီလာခံမှာ မနေ့တုန်းက အဆို တင်သွင်းလိုက်ပါတယ်။ အပစ်ရပ် ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နေတယ် ဆိုတဲ့ မြန်မာအစိုးရရဲ့လုပ်ရပ်တွေပေါ် သံသယရှိလာတာကြောင့်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ UPWC နဲ့ NCCT တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ဟာ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ဒီလို သဘောတူညီ မှုတွေရှိပေမယ့်လည်း အစိုးရတပ်တွေက AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ TNLA တအောင်း ပလောင် တပ်ဖွဲ့တွေ ကို တောက်လျှောက် ထိုးစစ်ဆင်နေခဲ့တာပါ။

အခုပန်ဆန်းမှာကျင်းပတဲ့ ညီလာခံကို AA/ MNDAA နဲ့ TNLA တပ်ဖွဲ့တွေကို ဖိတ်ကြားခြင်းမပြုဖို့ အစိုးရဘက်က ဖိအားပေးတာမျိုး ရှိတာကြောင့် ဒီအခြေ အနေတွေပေါ် မူတည်ပြီး အစိုးရနဲ့အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ NCCT အဖွဲ့ကနေ သူတို့နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း TNLA တအောင်း ပလောင် တပ်ဖွဲ့ပြော ခွင့်ရသူ မိုင်အိုက်ကျော် က ပြောပါတယ်။

0 comments:

Post a Comment