Wednesday, 4 October 2017

ဟုတ်ရင်ကျော်မည် ပုတ်လျှင်ပေါ်မည်

သရဝဏ်(ပြည်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရိုဟင်ဂျာဘင်္ဂလီပြသနာနှင့်ပါတ်သက်၍ စက်တင်ဘာလ ၂၈ ရက်တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူတော့မည်ဖြစ်သည် ။ထိုသို့အစည်းအဝေးခေါ ်ယူပေးပါမည့်အကြောင်းကို အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ ပြင်သစ် ၊ အီတလီ ၊ ဆွီဒင် ၊ ဆီနီဂေါနှင့် ကာဇက်စတန်နိုင်ငံများက တောင်းဆိုခဲ့ကြောင်းသိရသည် ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနှင့်အလှည့်ကျအဖွဲ့ဝင်ဆယ်နိုင်ငံ ၊ စုစုပေါင်း အဖွဲ့ဝင် ၁၅ နိုင်ငံရှိပါသည် ။ ထိုနိုင်ငံများမှာ အမြဲတမ်းအဖွဲ့ဝင် တရုတ် ၊ရုရှား၊ ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ် ပြီး အလှည့်ကျအဖွဲ့ဝင်ဆယ်နိုင်ငံအဖြစ်လောလောဆယ် ဘိုလီးဘီးယား၊ အီဂျစ် ၊ အီသီယိုပီးယား၊အီတလီ၊ဂျပန်၊ကာဇက်စတန်၊ ဆီနီဂေါ ၊ဆွီဒင် ၊ ယူကရိန်း၊ ဥရုဂွေး တို့ဖြစ်ကြသည် ။ ဆယ့်ငါးနိုင်ငံအဖွဲ့ဝင်ရှိသည့်အနက် ခုနစ်နိုင်ငံက အစည်းအဝေးခေါ်ပေရန်တောင်းဆိုခဲ့သည် ။ ထို့ကြောင့် (၈) နိုင်ငံသည် ထိုရိုဟင်ဂျာအရေးကိစ္စတွင် အခြားနိုင်ငံတွေလောက်သဲသဲလှုပ်ဖြစ်မနေဘူးဆိုသည့်သဘောဖြစ်သည် ။ တဖန် U.Nလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပေးရန်တောင်းဆိုသောနိုင်ငံထဲတွင် ဗီတိုအာဏာပိုင်ရှင် တရုတ်နှင့် ရုရှားနိုင်ငံမပါသလို မြန်မာဘက်ကအမြဲတမ်းအကောင်းမြင်ရပ်တည်ခဲ့သော ဂျပန်နိုင်ငံမပါဝင်ပေ ။ အခြားနိုင်ငံငယ်များမှာ မူဝါဒခိုင်ခိုင်မာမာမရှိပဲ အမေရိကန်နှင့် ဥရောပနိုင်ငံများ လှုပ်ရှားသည့်နောက်သို့မီးစင်ကြည့်ကာ နောက်ကလိုက်မည့်နိုင်ငံအများစုဖြစ်သည် ။ ထိုအစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ တင်ပြအစီရင်ခံမည်ဖြစ်ကြောင်းသိရသည် ။ ကုလအတွင်းရေးမှူးချုပ်က တင်ပြအစီရင်ခံမည်ဆိုသည်မှာ ဗေဒင်မေးနေစရာမလို ဘင်္ဂလီနှင့် မူဆလင်နိုင်ငံများ အခါများစွာကြိုတင်နှပ်ကြောင်းပေးထားသည့် မျိုးတုန်းသတ်ဖြတ်မှုတို့ ၊လူမျို းရေးသန့်စင်မှုတို့ ၊ ရိုဟင်ဂျာလူနည်းစုများရက်စက်စွာဖိနှိပ်ခံနေရသည်တို့ ၊ အိုးအိမ်စွန့်ခွာတို့ ၊ လူ့အခွင့်အရေးချိုးဖောက်ခံ တို့စသောစကားလုံးများဖြင့်သာ ချေးတုန်းဝဲလှည့်သလိုပြောကြဆိုကြဦးမည်ဖြစ်သည် ။စိတ်သက်သာစရာတစ်ခုရှိသည်ကား မြန်မာနိုင်ငံကို ရှုတ်ချတာတို့ ၊ တားမြစ်ပိတ်ပင်တာတို့ စသည့်ပြင်းထန်သည့်ဆုံးဖြတ်ချက် ၊ကြေငြာချက်တစ်ရပ်ထုတ်မည်ဆိုလျှင် တရုတ်နှင့်ရုရှားတစ်နိုင်ငံငံကဖြစ်စေ ၊ နှစ်နိုင်ငံစလုံးက ဖြစ်စေ တချက်လွှတ် ဗီတိုအာဏာ သုံး၍ပါယ်ချလိုက်ဖို့ များလေသည် ။ ယခင်မြန်မာစစ်အစိုးရလက်ထက် အင်မတန်နိုင်ငံတကာတွင်မျက်နှာပျက်နေရသောခေတ်ကပင် တရုတ်နှင့် ရုရှားသည် Double Veto ခေါ်ကြုံတောင့်ကြုံခဲ နှစ်ထပ်ကွမ်းဗီတိုအာဏာသုံး၍ မြန်မာအစိုးရအားအရေးယူရေးအဆိုကိုပယ်ချခဲ့ဖူးသည် ။ယခုခေတ်လို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ ကမ္ဘာ့အလည်တွင်ဝင်ဆန့်လာသောခေတ်တွင် ကာကွယ်မှုလုပ်ရသည်မှာ တရုတ်နှင့်ရုရှားအတွက်ယခင်ကလောက်ပင်မခက်ခဲတော့ပေ ။

     ထိုသို့ မြန်မာအပေါ်တရုတ်နှင့် ရုရှားတို့ အကာအကွယ်ပေးမှုသည် သူတို့အကျိုးလည်းပါသင့်သလောက်ပါပေသည် ။ တရုတ်နိုင်ငံတွင်လည်း ဝိဂါ ပန်းသေးမူဆလင်များရှိသည် ။ဇန်ကျင်းပြည်နယ်တွင် မူဆလင်လူဦးရေများစွာရှိရာတရုတ်အစိုးရသည်မူဆလင်များကိုတင်းကြပ်စွာကိုင်တွယ်ထားသောသာဓကရှိသည် ။ မူဆလင်များ၏အခွင့်အရေးအတွက်ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုအရေးယူလိုက်ခြင်းသည် သူ့ဘက်သို့တချိန်ချိန်တွင်မြှားဦးလှည့်လာနိုင်သည် ။ ဝိဂါဒေသတွင် လူ့အခွင့်အရေးတွေ မူဆလင်အခွင့်အရေးတွေဘာတွေ တောင်းဆိုလာနိုင်သည် ။ တရုတ်ပြည်တွင်းမှာရှိသော မူဆလင်များကလည်း ရခိုင်ပြည်နယ်မှဘင်္ဂလီများကိုအတုယူကာထကြွလာနိုင်သည် ။ ထိုကိစ္စများကိုအပြတ်ဖြတ်ထားဖို့မှာ မြန်မာနိုင်ငံ မှဘင်္ဂလီအရေးပဲခေါ်ခေါ် ရိုဟင်ဂျာအရေးပဲခေါ်ခေါ် မူဆလင်ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာဖြင့်အပြတ်ဖြတ်ထားလိုက်ခြင်းကသာတရုတ်ပြည်အကျိုးစီးပွားအတွက် အကောင်းဆုံးဖြတ်သည် ။ ရုရှားအတွက်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ချေချင်းညာဒေသတွင် မူဆလင်သန်းနှင့်ချီ၍ရှိသည် ။ ထိုမူဆလင်များ ဘာသာရေးရှေ့တန်းတင်ကာ နိုင်ငံရေးလုပ်လာကြမှာကို ရုရှားအစိုးရကမလိုလားပါ ။ ထို့ကြောင့် ရခိုင်ကိစ္စတွင် မူဆလင်အားပေးဆုံးဖြတ်ချက်မှန်သမျှကို ပယ်ချမည်သာဖြစ်သည် ။နောက်တစ်ချက်က ရုရှးနိုင်ငံသည် သမိုင်းအဆက်ဆက် အမေရိကန်နှင့် ဗြိတိန်လုပ်သမျှ ကိစ္စတိုင်းကိုအမြဲတမ်း ဆန့်ကျင်ကန့်ကွက် ကန့်လန့်တိုက်လေ့ရှိသည် ။ ဆီးရီးယားအရေးတွင် သမ္မတအာဆတ်အစိုးရအား အမေရိကန်က ဆန့်ကျင်ပြီးကဒ်သူပုန်များကို လက်နက်ထောက်ပံ့ရာ ရုရှားက ကန့်လန့်တိုက်ပြီး အာဆတ်အစိုးရဘက်မှစစ်ရေးအကူအညီပေးရုံမက ကိုယ်တိုင်ပင် လေတပ်ဖြင့်ဝင်တိုက်ပေးသည် ။ ထိုသို့နှစ်နိုင်ငံ ကဏ္ဍကောစ လုပ်နေမှုက မြန်မာနိုင်ငံရခိုင်အရေး ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်ရမည်ဆိုပါက သိသာစွာ ရိုက်ခတ်နိုင်သည် ။

     လောလောဆယ် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံအဖွဲ့ဝင်အဖြစ်ပါမနေခြင်းက မြန်မာအတွက် နစ်နာသည် ။ ရိုဟင်ဂျာအရေး အာပေါက်အောင်အော်နေကြသော အမေရိကန်၊ပြင်သစ် ၊ ဗြိတိန်၊ ဆွီဒင်စသောနိုင်ငံများသည် ရိုဟင်ဂျာဘင်္ဂလီများနှင့် အနီးကပ် နေဖူးသူများမဟုတ်ချေ ။ အိန္ဒိယမှာမူ ဘင်္ဂလားဒေ့ရှ်နှင့်လည်း နယ်နိမိတ်ခြင်းဆက်စပ်နေသည် ။ ဘင်္ဂလီများ ခိုးဝင်သောဒဏ်ကိုလည်း မြန်မာကဲ့သို့နှစ်ပေါင်းများစွာခံစားနေရသည် ။ ပါကစ္စတန်နှင့်လည်းနယ်စပ်စစ်ပွဲဆင်နွှဲနေရသဖြင့် အစ္စလာမ်စစ်သွေးကြွများဒဏ်ကိုကော့နေအောင်ခံထားရသည် ။ ၎င်းအပြင် အိန္ဒယသို့ခိုးဝင်လာသော ရိုဟင်ဂျာဟုသူတို့ဘာသာခေါ ်သူ ဒုက္ခသယ်များကို နိုင်ငံတွင်းတွင်ဆက်ထားသင့်မထားသင့် နိုင်ငံသားအချင်းချင်းပင် အငြင်းပွားနေရသည် ။ ထိုအထဲတွင် မြန်မာနိုင်ငံ ရခိုင်ဒေသ မှ ဟိန္ဒူဘာသာဝင် ၁၀၀ နီးပါးပျောက်ဆုံးသွားမှု ၊ ဟိန္ဒူများအား ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ဟုခေါ်သောဘင်္ဂလီအကြမ်းဖက်အဖွဲ့ဝင် ၃၀၀ ခန့်က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်းမျက်မြင်သက်သေများ၏ပြောပြချက် ၊ထိုအထဲမှ ဟိန္ဒူအမျိုးသမီးရှစ်ယောက်ကို အစ္စလာမ်ဘာသာသို့အတင်းအဓမ္မ ဘာသာကူးပြောင်းဝင်ရောက်စေသော သတင်းများသည် အိန္ဒိယနိုင်ငံသားများစွာကိုဒေါသထွက်စေသည် ။ အဆိုးဆုံးကိစ္စတစ်ခုကထပ်ဆင့် ပေါ ်ပေါက်လာသည် ။ ARSA ရိုဟင်ဂျာအကြမ်းဖက်သမားများလက်ချက်ဖြင့်ပျောက်ဆုံးနေသော ဟိန္ဒူ ၁၀၀ ကျော်အနက် စက်တင်ဘာ၂၅ နှင့် ၂၆ ရက်နေ့များတွင် လူ ၄၅ ဦး၏အလောင်းများသည် မြေကျင်းကြီးနှစ်ခုထဲမှ ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် ၊ ရဲဘော်ကျကျေးရွာ အနီးတောစပ်တွင်ပေါ်လာသည် ။ရိုဟင်ဂျာဆိုသူများ ၊ သူတို့ကိုမြန်မာ့တပ်မတော်ကအကြမ်းဖက်လူမျိုးတုန်းသတ်ဖြတ်နေပါသည်ဟု ကမ္ဘာကိုငိုယိုပြီးတိုင်သူများ လူမဆန်စွာ ကျူးလွန်ခဲ့သော ရက်ရက်စက်စက် လူမျိုးတုန်းသတ်ဖြတ်မှုကြီးပေါ ်ပေါက်လာသည် ။ အိန္ဒိယနိုင်ငံသားများသည် သူတို့ဘာသာတူ ၊မျိုးနွယ်တူ ဟိန္ဒူများအစုလိုက်အပြုံလိုက်အသတ်ခံရမှုအတွက် တနိုင်ငံလုံးဆွေ့ဆွေ့ခုန်အောင်ဒေါသဖြစ်ကြတော့သည် ။ အိန္ဒိယနိုင်ငံရုပ်သံလိုင်းများတွင် ထိုသတင်းများကချက်ခြင်းပင် အထူးသတင်း( Breaking News ) အဖြစ်နေရာယူသွားကြလေသည် ။ ရိုဟင်ဂျာတို့၏ဟန်ဆောင်မျက်နှာဖုံးကွာကျခြင်း၊ ရိုဟင်ဂျာတို့၏ ထိတ်လန့်ဖွယ် အစုလိုက်အပြုံလိုက်လူသတ်မှုကြီး စသည်ဖြင့် သတင်းများ ဖော်ပြကြသည် ။ရုပ်မြင်သံကြားတွင် အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာသိအောင် Debate များလုပ်ကြသည် ။ ရိုဟင်ဂျာခေါင်းဆောင်ဆိုသူများကို ရုပ်သ့အစီအစဉ်တွင်ဖိတ်ခေါ ်၍ ဟိန္ဒူများမြန်မာပြည်၌ ရိုဟင်ဂျာတို့အသတ်ခံရပုံ၊ မသေမီညှဉ်းပန်းနှိပ်စက်ကြပုံ ၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ကြပုံများကို ဖော်ထုတ်စါတ်စွဲပြီး ထိုကိစ္စများအတွက် ဟိန္ဒူဘာသာဝင်များအားလုံးကို ရိုဟင်ဂျာများက ဝန်ချတောင်းပန်ရမည်ဟု ကြိမ်းမောင်းပစ်တင်ကြသည် ။ ထို့ကြောင့် ဘင်္ဂလီပြသနာဇာတ်ရှုပ်အတွက် အိန္ဒိယသည် အားကိုးရသော ဝှက်ဖဲတစ်ခုဖြစ်သည် ။ အိန္ဒိယ မီဒီယာများသည် အချိန်တိုတိုအတွင်း ကမ္ဘာသို့ထိုးဖောက်နိုင်တာ သတိပြုမိသည် ။ မီဒီယာများက မီဒီယာပညာရင့်ကျက်ပြည့်ဝခြင်း ၊ ကမ္ဘာသို့ထိုးထောက်နိုင်စွမ်းရှိခြင်း၊ အားလုံးနားလည်သော အင်္ဂလိပ်ဘာသာစကားနှင့်ပိုင်နိုင်စွာပြောဆိုတင်ဆက်ခြင်းတို့သည် အထူးအားသာချက်များဖြစ်သည် ။ မြန်မာကတော့ဤမျှကောင်းမွန်သောသတင်းထူးသတင်းဦးကြီးကိုရပါလျက် နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီwebsite နှင့် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ.ဘွတ်စာမျက်နှာတို့တွင် ရုံးစာဆန်ဆန် တင်ထားတာတွေ့ရလေသည် ။ မြန်မာနိုင်ငံတွင်ဖြစ်သောသတင်းစင်စစ်ဖြစ်ပါလျက် အိန္ဒိယမီဒီယာများလောက်ပင်ဤကိစ္စအပေါ် ကမ္ဘာသို့ ဖြန့်ပေးနိုင်ခြင်းမရှိတာ အားမရစွာတွေ့ရလေသည် ။ မြန်မာပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီမိုကရေစီရုပ်ရှင်ပွဲတော် ၊ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ၊ငြိမ်းချမ်းရေးအဆိုပြိုင်ပွဲတွေနှင့် မရောင်ရာဆီလူးနေကြလေသည် ။

         ပြန်ကြားရေးဝန်ကြီးဌာနကငြိမ်နေသော်လည်း လောကပါလတရားကားငြိမ်မနေ ။ ကာလဝိပါက်နောက်ပိုးတက်ဆိုသလို သူများကို ဂျီနိုဆိုက် ခေါ ်လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ထာစဉ်စွပ်စွဲခဲ့သော ရိုဟင်ဂျာ (ခေါ်) အကြမ်းဖက် ဘင်္ဂလီများသည် ယခုတော့ ဟိန္ဒူဘာသာဝင် အိန္ဒိယတိုင်းရင်းသား ၄၅ ယောက်သေဆုံးမှု ၊ လူတစ်ရာခန့်ပျောက်ဆုံးမှုတို့နှင့် လက်ပူးလက်ကျပ် မိနေချေပြီ ။ စွပ်စွဲမှမဟုတ်ပဲ လူသက်သေ ၊ အလောင်းသက်သေ ၊ မျက်မြင်ရွာခံသက်သေတို့ဖြင့် သူတို့ကျူးလွန်ခဲ့တာ ဘူးပေါ ်သလိုပေါ ်လာပေပြီ ။ အိန္ဒိယရုပ်သံတစ်ခု၏ စကားစစ်ထိုးပွဲ (Debate )တစ်ခုတွင် အိန္ဒိယနိုင်ငံသားတစ်ယောက်ပြောတာမှတ်သားဖို့ကောင်းသည် ။ သူက ရိုဟင်ဂျာထောက်ခံသူများကိုလက်ညှိုးထိုးကာ
“ခင်ဗျားတို့မြန်မာပြည်မှာမျိုးတုန်းအောင် အသတ်ခံနေရပါတယ်လို့သာအော်နေတာ ဘာမှလဲ သက်သေသက်ကာယနဲ့မပြနိုင်ဘူး ၊ အခု ဟိန္ဒူတွေကို ခင်ဗျားတို့ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်တာ သက်သေခံနဲ့တကွပေါ ်လာပြီ ၊ ဘာငြင်းဦးမလဲ “ဟူသတည်း ။ မြန်မာစကားပုံတစ်ခုအတိုင်းပါပဲ ။ ဟုတ်လျှင်ကျော်မည် ၊ ပုပ်လျှင်ပေါ်လာပေမည် ။ ရိုဟင်ဂျာတို့အလိမ်ဇာတ်လမ်းများက မပုပ်ခင်အချိန်အထိ ကုလသမဂ္ဂတွင် အမွှေးနံလေးတွေသင်းကြိုင်နေပါလိမ့်မည် ။ ပုပ်၍ပေါ်လာသည့်တစ်နေ့တွင်မူကား     ။

သရဝဏ်(ပြည်)

0 comments:

Post a Comment