မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဟောင်း၊
ရခိုင်လူမျိုး စစ်စစ် အဘိုး ဦးကျော်ခိုင် ကွယ်လွန်ကြောင်း သိရတဲ့အတွက် မိသားစုနဲ့ ထပ်တူ၊ ပါတီနဲ့ထပ်တူ ဝမ်းနဲစိတ်မကောင်းဖြစ်မိပါတ
အဘိုးဦးကျော်ခိုင် ကောင်းရာသုဂတိလားပါစေ …
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
===============
အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် နာယကအဖွဲ့ဝင်နှင့် ဝါရင့် နိုင်ငံရေးသမားကြီး ဦးကျော်ခိုင် သည် အောက်တိုဘာ ၃ ရက် နံနက်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် တောင်ကုတ်မြို့နယ်မှ ရွေး ကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးကျော်ခိုင်သည် သက်ကြီးရော ဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၉၅) နှစ်ရှိပြီဖြစ်ကြောင်း မိသားစုဝင် များက ပြောသည်။
‘‘မနက် ၂ နာရီလောက်မှာ ဆုံးတယ်။ ဒီနေ့ ၁ နာရီမှာပဲ သင်္ဂြိုဟ်ဖြစ်ပါတယ်။ ကွယ်လွန် သူရဲ့ ဆန္ဒအရပေါ့’’ ဟု မိသားစု ဝင်တစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။
ဦးကျော်ခိုင်သည် ၁၉၈၈ အရေးတော်ပုံကာလက မြို့မိမြို့ ဖအဖြစ် ဦးဆောင်ခဲ့ရာမှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင
ဦးကျော်ခိုင်သည် လက်ရှိအ ချိန်အထိ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ နှစ်စဉ် ကန်တော့ခံ ဝါ ရင့်နိုင်ငံရေးသမားတစ်ဦးအြ
‘‘အဘက ကျွန်မတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
ဦးကျော်ခိုင် ဆုံးပါးမှုအ တွက် ဝမ်းနည်းကြောင်း သတင်း လွှာကို အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ထုတ်ဝေသည့် သတင်း လွှာတွင် ဖော်ပြမည်ဖြစ်ကြောင်း ဒီချုပ်ဗဟိုပြန်ကြားရေး ကော်မတီ ဝင် မုံရွာအောင်ရှင်ကပြောသည်။
ဦးကျော်ခိုင်သည် ၂၀၀၉ တွင် တရားရုံးက ပြစ်မှုမြောက်၍ ပလပ်ထားသော အမှုတစ်ခုဖြင့် ပြန်လည်စွဲဆို ထောင်ချသဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံခဲ့ရသည်။ ၂၀၁၁ ပြန်လည်လွတ်မြောက်လာ အချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတ
‘‘လေးစားစရာ ကောင်းတဲ့ အဘပါ။ ကျွန်တော်နဲ့ သရက် ထောင်မှာ နှစ်နှစ် ထောင်အတူကျ ခဲ့ပါတယ်။ အတူရှိခဲ့စဉ်တုန်းက သူ့ရဲ့ ခံယူချက်တွေကို နားထောင် ခဲ့ရပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင် ရာ ကြံ့ခိုင်လွန်းပြီး အရွေ့တစ်ခု အတွက် တိုင်းပြည်အတွက် လုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်လို့ စိတ်မ ကောင်းဖြစ်မိပါတယ်’’ ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးခိုင်ကောင်းစံက ပြော သည်။
ဦးအောင်ဘ၊ ဒေါ်လှိုင်တို့၏ ရင်သွေးရှစ်ဦးအနက် သားအကြီး ဆုံးဖြစ်သည့် ဦးကျော်ခိုင်သည် ကွယ်လွန်ချိန်တွင် သားသမီး ခြောက်ဦး၊ မြေး လေးဦးနှင့် မြစ် ငါးဦးတို့ ကျန်ရစ်သည်။ ဦးကျော် ခိုင်၏ အသုဘရှု သင်္ဂြိုဟ်အခမ်း အနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် တောင်ကုတ်မြို့နယ် မြို့မိမြို့ဖ များ တက်ရောက်ခဲ့သည်။
Source: 7 Day






0 comments:
Post a Comment