Tuesday, 5 May 2015



နေဇင်လတ် CSIS သင်တန်းကြော်ငြာ စာကြောင်းအမှတ် (၃) မှာ ယူကေနိုင်ငံက Cambridge Academy of Management ချီးမြင့်သော လက်မှတ်ပေးပါမယ်လို့ ရေးထားတယ်။

နေဇင်လတ်ရဲ့ CSIS က UK မှာ မရှိတဲ့ " ကျောင်း/တက္ကသိုလ်"က အသိအမှတ်ပြုလက်မှတ်ပေးသတဲ့။ ရယ်ချင်လိုက်တာ

ဟောဒီမှာ ဗြိတိန် ပညာရေးဌာနအသိအမှတ်ပြုကျောင်းစာရင်း။
Cambridge Academy of Management မပါပါဘူး။

( စာလုံးပေါင်း ရှေ့နောက်အစီအစဉ်အတိုင်း မှန်မှန် ထည့်ပြီး ရှာပါ)
http://www.education.gov.uk/edubase/home.xhtml

website တခုလုပ်တာရ ဘယ်လောက်မှ မကုန်ဘူး။ website လေး ထိုးပြပြီး လိမ်သူတွေသိဖို့က..... Cambridge Academy of Management မဟုတ်ပဲ ရှေ့နောက်ပြောင်းလိုက်ဦး။ Cambridge Management Academy ကြိုက်သလိုရှာ UK education department Database ထဲ မရှိဘူး။
.
.
.
Cambridge Academy of Management နာမည် ဆင်တူရိုးမှားတခု ဘယ်မှာ သွားတွေ့သလဲ ဆိုတော့ ပုဂ္ဂလိကကုမ္ပဏီစာရင်းမှာ သွားတွေ့ရတယ်

ကြေညာမှာ ဖော်ပြတဲ့ UK Company number : 9212129 ဟာ အခြားကုမ္ပဏီ Lahore Trader Limited ဖြစ်နေပြီး
.
.
Cambridge Academy of Management ဆင်တူတာတဲ့ တခုက
တခြား Company number နဲ့
The Cambridge Academy of Management Limited ဆိုပြီး..
.
2014 စက်တင်ဘာ 10 ( သက်တမ်း ၆ လပဲရှိ)မှာ စပြီး မှတ်ပုံတင်တာပါ...
လုပ်ငန်းအမျိုးအစား မပြနိုင်ပါဘူး။
အေရှေ့မှာ The, အနောက်မှာ Limited လိမိတတ် ဖြစ်နေတယ်။
နေဇင်လတ်ကြော်ငြာမှာ The နဲ့ Limited ကို ဖြုတ်ထားတယ်။
.
.
ဟောဒီက link မှာ ကိုယ်တိုင် ရှာနိုင်ပါတယ်။
http://wck2.companieshouse.gov.uk/wcframe…
.
.
ဒီတော့ Cambridge Academy of Management ဆိုတာ ဗြိတိန် ယူကေပညာရေးဌာနမှာ မှတ်ပုံတင် မရှိဘူး။ ဆင်တူရိုးမှား တခုဟာလည်း ၆လ ကျော်သက်တမ်းရှိတဲ့ နာမည်ခံ အတုတခုဖြစ်နေတယ်။

ပေးထားတဲ့ လင့်ခ်တွေက gov.uk ယူကေအစိုးရ ဒေတာဘေ့စ်တွေနော်။ သာမညောင်ညတခုမှ မပါဘူး။
ပွင့်လင်းမြင်သာတဲ့ ဗြိတိန်နိုင်ငံရဲ့ အစိုးရစနစ်ဟာ ဘယ်လောက် အတုယူစရာကောင်းသလဲ။ ပြည်သူတွေ အလိမ်မခံရအောင် အကုန်ချပြထားတယ်။
https://www.gov.uk/check-a-university-is-officiall…/overview

Credit - Min Soe Naing

0 comments:

Post a Comment