မြန်မာယူနီကုဒ်
နိုင်ငံတကာ ယူနီကုဒ် အဖွဲ့အစည်းကြီး၏ မြန်မာနိုင်ငံအတွက် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် ပစ္စည်းများတွင် အဆင်သင့် ပါဝင်ပြီး ဖြစ်ပါသည်။ သီးသန့် ထည့်သွင်းပေးရန် မလိုအပ်ပါ။
မြန်မာယူနီကုဒ် စနစ်တွင် တိုင်းရင်းသား ဘာသာစကားများကိုပါ ထောက်ပံ့ပေးထားပါသည်။
2011 ခုနှစ် Apple ၏ Mac OSX တွင် မြန်မာယူနီကုဒ် စနစ်သုံး Myanmar Sangam MN ဖောင့် နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့် ပါဝင်လာခဲ့ပါသည်။
2012 ခုနှစ်တွင် Microsoft ၏ Windows 8.1 တွင် မြန်မာယူနီကုဒ် စနစ်သုံး Myanmar Text ဖောင့် နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့် ပါဝင်လာခဲ့ပါသည်။
2012 ခုနှစ်တွင် Google ၏ Android 4 တွင် မြန်မာယူနီကုဒ် စနစ်သုံး Padauk ဖောင့် နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့်ပါဝင်လာခဲ့ပြီး Android စနစ်သုံး Smart Phone များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါပြီ။
2016 ခုနှစ်တွင် Apple ၏ iPhone နှင့် iPad တို့တွင်အသုံးပြုသော စနစ် iOS 10 တွင် မြန်မာယူနီကုဒ် စနစ်သုံး ဖောင့်နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့် ပါဝင်လာခဲ့ပါသည်။






0 comments:
Post a Comment