Thursday, 5 October 2017






မေးခွန်း (၁) မြန်မာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲ?
**************


စစ်တပ်ကပဲအုပ်ချုပ်နေပါတယ်၊ ဘာကြောင့်ဆိုတော့ ရယက၊ ခယက၊တယက စတဲ့ အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုမှန်သမျှ ပြည်ထဲရေးက ကိုင်ပါတယ်။ အဲဒီပြည်ထဲရေးကိုစီမံခန့်ခၤနေတာ ကာ/ချုပ် (စစ်တပ်) ပါ။ (ပုဒ်မ ၂၃၂ ခ) ဒါကြောင့် စစ်တပ်ကပဲအုပ်ချုပ်နေတယ်လို့ပြောရမွာပါ။

မေးခွန်း (၂) သမ္မတကြီးကပြည်တွင်းစစ်ပွဲတေွရပ်ဖို့အမိန့်ပေးထားတာ ဘာလို့မရပ်တာလဲ?
*************


လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှကို အမိန့်ပေးကွပ်ကဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို ကာ/ချူုပ်က စီမံခန့်ခွဲပါတယ်။ ဒါကြောင့် သမ္မတအမိန့်ပေးလည်း စစ်တပ်က ကာ/ချုပ်စကားပဲနားထောင်မှာပါ။ (ပုဒ်မ ၂၃၂ ခ)

မေးခွန်း(၃) ဒါဆိုတိုင်းပြည်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ကဘယ်သူလဲ?
************


ဒါကိုဖြေဖို့အတွက် မြန်မာနိုင်ငံမှာဘယ်ဝန်ကြီးဋ္ဌာနတွေဟာအရေးအကြီးဆုံးလည်းဆိုတာသိရပါ့မယ်၊ အဲဒီဝန်ကြီးဋ္ဌာနတွေကိုချုပ်ကိုင္ထားသူသာအာဏာအရွိဆံုးပါ။ အဲဒီဝန်ကြီးဋ္ဌာနတွေကတော့
၁) ကာကွယ်ရေးဝန်ကြီးဋ္ဌာန
၂)ပြည်ထဲရေးဝန်ကြီးဋ္ဌာန
၃)နယ်စပ်ရေးရာ ဝန်ကြီး တို့ဖြစ်ပါတယ်၊ အဲဒီဋ္ဌာနကြီးတွေရဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေကို ကာ/ချုပ်က တိုက်ရိုက်ခန့်တာပါ၊ ဘယ်သူမှ ဝင်စွက်ဖက်လို့မရပါဘူး၊ ဒါကြောင့် ဒီဋ္ဌာနကြီးတွေဟာ ကာ/ချုပ်စကားပဲနားထောင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာ/ချုပ်သာလျှင် အာဏာအရှိဆုံးဖြစ်ပါတယ်။

မေးခွန်း(၄) အရေးအကြောင်းဆိုလျှင် စစ်တပ်နဲ့ရဲကိုသမ္မတက အမိန့်ပေးနိုင်ပါသလား?
***********


အမိန့်မပေးနိုင်ပါ၊ အရင် ကာ/လုံနဲ့တိုင်ပင်ရပါတယ်၊ ကာ/လုံက ကာ/ချုပ်အမိန့်ခံယူပြီးမှ လက်နက်ကိုင်အင်အားအသုံးပြုခွင့်ပေးမှာပါ၊ ကာ/လုံ တိုက်တွန်းလျှင်သမ္မတကြီးကအရေးပေါ်အခြေအနေကြော်ငြာပေးရမှာပါ။

မေးခွန်း(၅) စစ်တပ်က အာဏာသိမ်းနိုင်လား?
************
စစ်တပ်က အာဏာသိမ်းစရာမလိုပါ၊ သမ္မတက အရေးပေါ်အခြေအနေကြော်ငြာလိုက်တာနဲ့ နိုင်ငံတော်အာဏာကို ကာ/ချုပ်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁၈) အရ လွဲအပ်ရမှာပါ၊ အာဏာသိမ်းစရာမလိုပဲ သမ္မတကြီးဆက်သတဲ့အာဏာကို ဒူးနှန့်ယူရုံပေါ့။

မေးခွန်း(၆) စစ်တပ်က မြေသိမ်းတာတွေ၊ လယ်သိမ်းတာတွေ၊ မတရားမှုတွေလုပ်ခဲ့ရင် အဲဒီအတွက်အရပ်ဘက်တရားရုံးတေွမှာ တရားစွဲလို့ရနိုင်သလား?
************


လုံးဝမရပါ၊ ဘာကြောင့်ဆိုတော့ ပုဒ်မ ၁၀ ခ အရ တပ်မတော်နဲ့ပတ်သက်သမျှ တပ်မတော်ကပဲ (လွတ်လပ်စွာ) စီမံမယ်လို့အတိအလင်းပြောထားပါတယ်။ ဥပမာ၊ ခင်ဗျားအခုပိုင်နေတဲ့မြေကို စစ်တပ်ကလာသိမ်းရင်ခင်ဗျားဘယ္ဥပေဒမွာအားမကိုးႏိုင္ဘူး။

မေးခွန်း(၇) ဒါဆို ၂၀၀၈ ဥပဒေရဲ့ အားသာချက်ကဘာလဲ?
************


အားသာခ်က္တစ္ခုမွမရွိပါဘူး၊ အရင်အာဏာသိမ်းစစ်အစိုးရဖြစ်နေတဲ့အတွက် အရပ်ဘက်ကို တစ်ချိန်ချိန်အာဏာပြန်အပ်ရမယ့်အမည်းစက်ကြီး ရှိနေတယ်၊ အဲဒီအမည်းစက်ကြီးကိုတရားဝင်ဖြစ်အောင်၂၀၀၈ ခြေဥအရ ကောက်ကျစ်ယုတ်မာစွာစီမံထားြခင်းသာဖြစ်ပါတယ်။

မေးခွန်း(၈) ဒါဆိုရင်တော့ ပြည်တွင်းရေးကိစ္စအဝဝအတွက် စစ်တပ်မှာပဲအပြည့်အဝတာဝန်ရှိတယ်ဆိုတာရှင်းပါပြီ။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစစ်အမှန်သမ္မတရရင်ရောပြေလည်ႏိုင္သလား?
*************
မပြေလည်နိုင်ပါ။ ၂၀၀၈ ခြေဥ ရှိနေသမျှ သိကြားမင်းကိုယ်တိုင်လာအုပ်ချုပ်လည်း စစ်တပ်ကိုမလွန်ဆန်နိုင်ပါ။

မေးခွန်း(၉) ဒါဆို ၂၀၀၈ခြေဥ ကိုပြင်မှရမယ်ဆိုတာ သဘောပေါက်ပါပြီ။ ဘယ်လိုပြင်ရမလဲဆိုတာသိပါရစေ
*************
အရင်ပုဒ်မ ၄၃၆ ကိုပြင်ရမယ်၊ ဘာကြောင့်ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အတားအဆီးဖြစ်နေလို့ပါ။

မေးခွန်း(၁၀) ဘာကြောင့်မဖြစ်နိုင်တာလဲ?
***********
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော်သဘောတူပြီး
တနိုင်ငံလုံးရဲ့ မဲပေးနိုင်တဲ့လူဦးရေ ထက်ဝက်ကျော်ထောက်ခံရဦးမယ်၊ ပြီးရင်တပ်မတော်ဘက်ကလည်းသဘောတူရမယ် ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားသာကြည့်ပါတော့။ သူတို့ဘာသာသူတို့ အာဏာအပ်နှင်းထားတဲ့ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ ဘုရားအလောင်းတွေမှပဲ လုပ်နိုင်တာမျိုးမဟုတ်လား။ ခင်ဗျားက ကာ/ချုပ်ကို ဘုရားလောင်းလို့တော့မထင်ပါဘူးနော္။

မေးခွန်း(၁၁) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်ကဘာလဲ?
************
စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်လာရေးနဲ့ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့သမ္မတစစ်စစ်ဖြစ်လာရေးပါ၊

မေးခွန်း(၁၂) ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းအရေးအခင်းတွေနဲ့ပတ်သက်ရင် ရေငုံနှုတ်ပိတ်နေတာများပြီး ဝေဖန်တာ၊ ရှုတ်ချတာမျိုးအင်မတန်နည်းတာဘာကြောင့်လဲ?
************
မိုးစက်ကျတိုင်းလိုက်ခံနေမယ့်နေမယ့်အစား ခေါင်းမိုးကြီးတစ်ခုလုံးကိုလဲလိုက်တာအကောင်းဆုံးလို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ခေါင်မိုးနဲ့တူတဲ့ ၂၀၀၈ ခြေဥကို မပြင်နိုင်အောင် လူမျိူးရေးအဓိကရုဏ်း၊ ပြည်တွင်းစစ်အခြေအနေ၊ လယ်သိမ်းယာသိမ်းပြသနာအချို့ နဲ့ရေစက်တွေလိုက်ချပြီး လူစုတွေခွဲထုတ်နေပါတယ်။

မေးခွန်း(၁၃) အင်း၊ တော်တော်ခက်ခဲတာပဲ၊ ဒါဆိုရင် ၂၀၀၈ ခြေဥကိုပြင်ဖို့ တခြားနည်းလမ်းရှိသေးလား?
************
ရှိပါတယ်၊ ကာ/ချုပ် ကြီးကို ဘုရားဆုပန်အောင် တိုက်တွန်းတဲ့နည်းလမ်းပါ။

မေးခွန်း(၁၄) ၂၀၀၈ ခြေ/ဥကို ဖက်ဒရယ်ဒီမိုကရေစီ ခြေ/ဥ တစ်အုပ်နဲ့
အစားထိုးရင်ရော?
************
အသင့်တော်ဆုံးနဲ့ အဖြစ်သင့်ဆုံး နည်းလမ်းပဲ။
ခြေဥအသစ်တစ်ခုနဲ့ အစားထိုးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်
တစ်ယောက်ကနေ အဆိုတင်ရမယ်။ အဆိုဖြစ်တဲ့အတွက် ကိုယ်စားလှယ်
၅၀%ကျော်က ထောက်ခံတာနဲ့ OKပြီ။



credit



အရမ်းကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်......

0 comments:

Post a Comment