Monday, 9 October 2017

အသက်ကယ်ဆေးပေးဖို့ လိုနေပြီဖြစ်သော မျက်ပြူဆိုက်စပြုနေသည့် မြန်မာ့စီးပွားရေး
==========================================

မြန်မာ့နိုင်ငံမှာ လူငယ်တွေ အတွက် အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရနှင့် စီးပွားရေးအအသိုင်းအဝိုင်း အပါအဝင် အဖက်ဖက်က ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုသည်။ ယခုလောလော ဆယ်မှာတော့ စတော့ဈေးကွက်တွေ အခြေအနေသိပ်မဟန်၊ စတော့ဈေးကွက် မှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေစာ ရင်းစသွင်းစဉ်က ရှယ်ယာဈေးထက် လက်ရှိရှယ်ယာဈေး အရမ်းပြုတ်ကျသွား တယ်။ တချို့ကုမ္ပဏီတွေဘဏ်တွေ တောင် စတော့ဈေးကွက်ကထွက်ဖို့ စဉ်းစား နေတဲ့အနေအထား ရောက်နေ တယ်။ စတော့ဈေးကွက်က မထွက်ရင် စတော့ဈေးကွက်မတင်ခင်က ရှယ်ယာ ဈေးနှုန်းအခြေ အနေအဖတ်ဆယ်မရမှာ စိုး၍ ဖြစ်မည်။
 ယခု လတ်တလောဖြစ်နေ တဲ့ အနေအထားက ငွေကြေးလည်ပတ်မှု လွန်စွာနှေးကွေးနေခြင်းပါ။ ပြဿနာအစ က အိမ်ခြံမြေတွေကိုထိန်းဖို့ ငွေမည်းတွေ ကို ထိန်းဖို့ဆိုပြီး အိမ်ခြံမြေအခွန်ကို ၃၀ ရာခိုင်နှုန်းအထိတိုးမြှင့်လိုက်တာက စတာပါ။ ၂၀၁၄ စက်တင်ဘာလနောက် ပိုင်းမှာ အိမ်ခြံမြေဈေးကွက် ကျဆင်းလာ သလို၊ ကွန်ဒိုတိုက်ခန်းအရောင်းအဝယ် လည်း Father Land ဦးကျော်မြင့်ရဲ့ One Two ရိုက်ကွက်တွေကြောင့် အယုံအကြည်မဲ့သွားခဲ့ပြီး အရောင်း အဝယ်ကျဆင်းခဲ့ပါတယ်။
 ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အစိုးရအသစ်ရဲ့ စွမ်းဆောင်မှုကြောင့် စီး ပွားရေး ပြန်ကောင်းလာမည်ဟူသော မျှော်လင့်ချက်နဲ့ အိမ်ခြံမြေအရောင်းအ ဝယ် ပြန်ကောင်းလာမည်ဟုဆိုကာ စီး ပွားရေးအသိုင်းအဝိုင်းမှ မျှော်လင့်နေကြ သည်။ ယခုအခါ အစိုးရသစ်တက်လာ သည်မှာ ၁၈ လရှိနေပြီဖြစ်သည်။ သုံးသပ် ကြည့်ရသလောက် အစိုးရသစ်အနေနဲ့ အာရုံများနေခြင်းလော၊ ပြောင်းလဲသင့် သည့်အချိန်မှာ ပြောင်းသင့်ပြောင်းထိုက် သည့်Timing အမှန်ကို မသိခြင်း လော၊ စီးပွားရေးပညာရှင်များ၏ အကြံပြု ချက်များက လက်တွေ့မြန်မာ့စီးပွားရေး အခြေအနေနှင့် မကိုက်ညီခြင်းလော၊ ဖြစ်သင့် ဖြစ်ထိုက်သည့်ပြုပြင်ပြောင်း လဲခြင်းကို မိမိ၏ရာထူးထိုင်ခုံထိခိုက် မည်စိုး၍ decision Makerမ ထဲ မတင်ပြရဲခြင်းလော့ (ယခင်ခေတ်ကတော့ တချို့ ပညာÓ ဏ် ကြီးမားသောdecision Maker တွေ က အောက်ခြေ ဝန်ထမ်းများမှ တင်ပြလာသည့်အခါ လူကြီးကို ဘာလုပ်ရမည်ကို ဆုံးဖြတ်ခိုင်း တာထက်၊ ဘယ်လိုမျိုးလုပ်ရင် အကောင်းဆုံးဆိုတဲ့ တင်ပြမှုကို ကြိုက်ကြသည်) တင်ပြလို့ အခန့်မသင့် ရင် ထိုင်ခုံပျောက်နေဦးမယ်။ ဒီအတိုင်း မလုပ်မရှုပ်မပြုတ်နေတာကမှ ပင်စင်လ စာလေးရနေဦးမည်ဆိုသည့်အတွေးနဲ့ လူ တွေပဲ ိdecision Makerအနီးတွင် ရှိ နေခြင်းလောဆိုပြီး လောပေါင်းများစွာနဲ့ မြန်မာပြည်ကြီး စီးပွားရေးတိုးတက်သည် ကိုမြင်တွေ့လိုသော စီးပွားရေးလောကမှ သူများစိတ်ထဲတွင် မေးခွန်းတွေဖြစ်နေ သည်။
 ဒေါ်အောင်ဆန်းစုကြည်ပြော ခဲ့ဘူးသည့်ရောဂါတစ်ခုခွဲစိတ်ကုသမည်ဆို လျှင် မခွဲခင်မှာ အဆိုပါခွဲစိတ်မည့် ပြဿ နာနဲ့ ဆက်စပ်နေသော ဆီးချိုသွေးတိုး စသည့် ပြဿနာကိုလည်း ချင့်ချိန်ရန် လိုသည်ဟု ဆိုသည်။ ယခုမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အကြီးစားခွဲစိတ်မှုပြုလုပ် ရန် လိုနေသည့်သဘောဖြစ်နေပြီ။ အခြေအနေက သွေးတိုးဆီးချိုရှိသလား ဆိုတဲ့ ချင့်ချိန်ဖို့ထက် ဘာပဲရှိနေရှိနေ မခွဲမဖြစ်ခွဲရတော့မည့် အူအတက်ပေါက် သလိုမျိုး အခြေအနေဖြစ်နေပြီ။ လော လောဆယ်အူအတက်ပေါက်နေတာကို မခွဲရင် သေမည်။ ဒီတော့ ခွဲရမည်၊ ဆီး ချိုရှိရန် ဆီးချိုဆေးပေး၊ သွေးတိုးရှိရင် သွေးကျဆေးပေးပြီး ခွဲမှ အသက်ရှင် မည်။ မခွဲရင် လူနာသေတော့မည်။ ဆီး ချိုရှိနေလို့၊ သွေးတိုးရှိနေလို့ ဆင်ခြေပေး လို့ မရတော့ ဒီအခြေအနေမှာ မှန်ကန် တဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်းချမှသာ လူနာအသက်ရှင်ပေမည်။
 ယခုတိုင်းပြည်စီးပွားရေး အခြေအနေမှန်ကိုdecision Makerမ တွေ သိသင့်သလောက်သိနေ လောက်ပြီဟုယူဆသည်။ လုံးဝမသိတာ တော့ ဟုတ်ပုံမပေါ်၊ စစ်အစိုးရခေတ်ကdecision Makerအဆင့်လူကြီးတစ် ယောက်နဲ့ စကားပြောခဲ့ဖူးသည်။ ထွေရာ လေးပါးတွေပြော၊ နိုင်ငံရေး၊ စီးပွားရေး တိုင်းရေးပြည်ရေးတွေ ပြောရင်းနဲ့ ဒီလူ ကြီးဆီက စကားတစ်လုံးတွက်လာတယ်။ ဒါတွေက မင်းပြောမှ ငါသိတာ၊ ဒီအခြေ အနေတွေ့အားလုံးအသေးစိတ် ငါမသိ ဘူးဟု ဆိုကာရိုးရိုးသားသားပြောခဲ့တာ ကြုံဖူးသည်။ အမှန်မှန်ကတော့ ဒီလူကြီး တွေ တကယ်မြေပြင်အခြေအနေမှန်တွေ အကုန်သိမယ် ထင်ခဲ့တာ မင်းနားတစ် ထောင်ဆိုတဲ့ စကားလည်း ရှိခဲ့တာကို ယခင်ဦးနေဝင်းလက်ထက်တုန်းကလည်း ဒီလိုမျိုးမလုပ်မရှုပ်မပြုတ်လူတွေပဲ အနား မှာရှိပြီး အားလုံးကောင်းပါသည်ခင်ဗျာပဲ ပြောခဲ့လို့ တိုင်းပြည်လည်း ချွတ်ခြုံကျပြီး အာဏာလည်း စွန့်လွှတ်ခဲ့ရပြီး တိုင်ပြည် လည်း ပျက်ခဲ့ပြီးပြီ။ ဒါတွေဟာ လုပ်သင့် လုပ်ထိုက်တဲ့အချိန်မှာ လုပ်ဖို့တိုက်တွန်း တဲ့သူ မရှိ၍ ဖြစ်သည်။ တိုက်တွန်းလို့ မှန်ရင်ကောင်းရဲ့မှားသွားရင် အလုပ်ပြုတ် မည်ကို အကြောက်ဆုံးဖြစ်သည်။
 ယခုမြန်မာနိုင်ငံစီးပွားရေး ဘာကြောင့် ကျသလဲ၊ အဖြေကရှိပြီး သားပါ။ အရောင်းအဝယ်တွေဘာကြောင့်  အေးလည်းအဖြေက ရှိပြီးသားပါ။ အိမ် ခြံမြေဈေးထိန်းခြင်းလို့ အခွန်ကို ၃၀ ရာခိုင်နှုန်းမြှင့်လိုက်တယ်။ အိမ်ခြံမြေ လည်း အရောင်းအဝယ်မဖြစ်၊ နိုင်ငံတော် လည်း အရောင်းအဝယ်မဖြစ်တော့အခွန် မရ၊ အိမ်ခြံမြေဝယ်လူတွေကလည်း အခွန်များတော့ မဆောင်ချင်တော့ ှစနခငေူ ဏသတနမ (ကိုယ်စားလှယ် လွှဲစာ)နဲ့ပဲ ဝယ်ကြသည်။ အရောင်းအ ဝယ်ကောင်းတယ်ဆိုတာ အိမ်ခြံမြေတစ် ခုပဲ ကြည့်ကို မရပါဘူး။ ဒီအိမ်ခြံမြေ အရောင်းအဝယ် ကြောင့် ဖြစ်ပေါ်လာတဲ့ ငွေလည်ပတ်မှု ငွေကြေးစီးဆင်းမှု ဒီလိုငွေကြေးစီးဆင်းမှုကြောင့် စီးပွားရေးပြေလည်လာမည်။ လူလတ်တန်းစာနဲ့ အခြေခံလူတန်းစား များ စသဖြင့် အကုန်ပါဝင်သည်။ အိမ် ခြံမြေ အခွန်လျော့လိုက်လို့ ရရှိမည့် အကျိုးကျေးဇူးနဲ့ အိမ်ခြံမြေ အခွန်ကို ဒီ အတိုင်း ၃၀ရာခိုင်နှုန်းထားလို့ ရရှိ မယ့်အကျိုးဆက်ကို ချိန်ထိုးဖို့ လိုပါပြီ။ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ စားဝတ်နေရေး ကို တစ်ချက်လောက်တော့ စောင်းငဲ့ ကြည့်ဖို့ လိုပါပြီ။
 တစ်ခါက ပုံပြင်တစ်ပုဒ် ဖတ်ခဲ့ဖူးသည်။ ဘုန်းကြီးက မေတ္တာပို့ဖို့ ပြောသည့်ပုံပြင်ဖြစ်သည်။ ကပ္ပိယဖြစ်သူ ကိုနောက်မှ ကျွဲက ဂျိုနဲ့ခွေ့ဖို့ လုပ်တာ ကိုက်၅၀လိုသည်။ ဘုန်းကြီးကမေတ္တာ ပို့ရန်ပြောသည်။ နောက် ကိုက်၂၀ ပဲလိုသည်။ ဘုန်းကြီးက မေတ္တာ ဆက်ပို့ရန် ပြောသည်။ နောက် ၁၀ ကိုက်ပဲ လိုသည်။ ဘုန်းကြီးက မေတ္တာ ပိုဖို့ ပြောတုန်း။ နောက် ၅ ကိုက်ပဲ လို သည်။ မေတ္တာပဲပို့ခိုင်းသည်။ ဒီအချိန်မှာ ကပ္ပိယက ဆက်ပြီး ဘုန်းကြီးမေတ္တာ ပို့ခိုင်းတဲ့အတိုင်း ဆက်ပို့ရင် သေဖွယ်ရာ ရှိသည်။ ဒီတော့ တွေ့တဲ့ အုတ်ခဲနဲ့ ကောက်ထုလိုက်မှ အသက်ဘေးမှ လွတ် ခဲ့သည်။
 ယခုလည်း ဘဏ်အချို့မှာ ဘဏ်တိုးမသွင်းနိုင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေ ရာချီနေပြီဟု ဆိုသည်။ ဘဏ်တစ်ခုမှာBlacklist သွင်းထား ခံရသူ ၂၀ကျော်နေပြီ။ ဒါကလည် ွှthe iceberg ပဲရှိနေသေးသည် ယခုလည်းdomino effect က တောက်လျှောက်လာနေပြီ။ ဒီEffectလို့ ပြန်ပြီး တန်ပြန်ဖို့က ငွေကြေးလည် ပတ်မှုကို အထောက်အကူပြုမည့် နည်း လမ်းမှန်သမျှလုပ်ဖို့လိုသည်။ အိန္ဒိ.ယကို ပဲမပို့ရတော့ပဲစားပွဲတော် လုပ်သလို၊ လူတွေ ကင်ဆာဖြစ်မှာကို ကာကွယ်ရန် ကွမ်းယာမစားဖို့ တိုက်တွန်းသလိုမျိုး ငွေ ကြေးစီးဆင်းမှု မြန်ဆန်ကောင်းမွန်ဖို့၊ အရောင်းအဝယ်တွေကောင်းဖို့၊ အိမ်ခြံ မြေအခွန်ကို စလျှော့ပြီး လျှော့သင့် လျှော့ ထိုက်တဲ့ ကြိုးနီစနစ်၊ လျှော့သင့်လျှော့ ထိုက်တဲ့ လုပ်ထုံးလုပ်နည်း၊ လျှော့သင့် လျှော့ထိုက်တဲ့ ကုန်သွယ်ခွန် အမြတ်ခွန် တွေ လျှော့ပြီး မက်လုံးပေးရင် စီးပွား ရေးလည်ပတ်မှုအဆင်ပြေနိုင်ပေလိမ့် မည်။ တိုင်းပြည်စီးပွားရေး ပြန်ကောင်း လာပြီး အရောင်းအဝယ်ပြန်ကောင်း လာလျှင်လည်း အခွန်ကို ပြန်တိုးကောက် သင့်ကောက်ပါ၊ တစ်သက်လုံး အခွန် တွေ လျှော့ကောက်ရမည်ဟုတော့ မဆိုလိုပါ။

Copy from U Myint Oo

Thursday, 5 October 2017






မေးခွန်း (၁) မြန်မာနိုင်ငံကိုဘယ်သူအုပ်ချုပ်နေသလဲ?
**************


စစ်တပ်ကပဲအုပ်ချုပ်နေပါတယ်၊ ဘာကြောင့်ဆိုတော့ ရယက၊ ခယက၊တယက စတဲ့ အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုမှန်သမျှ ပြည်ထဲရေးက ကိုင်ပါတယ်။ အဲဒီပြည်ထဲရေးကိုစီမံခန့်ခၤနေတာ ကာ/ချုပ် (စစ်တပ်) ပါ။ (ပုဒ်မ ၂၃၂ ခ) ဒါကြောင့် စစ်တပ်ကပဲအုပ်ချုပ်နေတယ်လို့ပြောရမွာပါ။

မေးခွန်း (၂) သမ္မတကြီးကပြည်တွင်းစစ်ပွဲတေွရပ်ဖို့အမိန့်ပေးထားတာ ဘာလို့မရပ်တာလဲ?
*************


လက်နက်ကိုင်အဖွဲ့အစည်းမှန်သမျှကို အမိန့်ပေးကွပ်ကဲနေတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို ကာ/ချူုပ်က စီမံခန့်ခွဲပါတယ်။ ဒါကြောင့် သမ္မတအမိန့်ပေးလည်း စစ်တပ်က ကာ/ချုပ်စကားပဲနားထောင်မှာပါ။ (ပုဒ်မ ၂၃၂ ခ)

မေးခွန်း(၃) ဒါဆိုတိုင်းပြည်မှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်ကဘယ်သူလဲ?
************


ဒါကိုဖြေဖို့အတွက် မြန်မာနိုင်ငံမှာဘယ်ဝန်ကြီးဋ္ဌာနတွေဟာအရေးအကြီးဆုံးလည်းဆိုတာသိရပါ့မယ်၊ အဲဒီဝန်ကြီးဋ္ဌာနတွေကိုချုပ်ကိုင္ထားသူသာအာဏာအရွိဆံုးပါ။ အဲဒီဝန်ကြီးဋ္ဌာနတွေကတော့
၁) ကာကွယ်ရေးဝန်ကြီးဋ္ဌာန
၂)ပြည်ထဲရေးဝန်ကြီးဋ္ဌာန
၃)နယ်စပ်ရေးရာ ဝန်ကြီး တို့ဖြစ်ပါတယ်၊ အဲဒီဋ္ဌာနကြီးတွေရဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေကို ကာ/ချုပ်က တိုက်ရိုက်ခန့်တာပါ၊ ဘယ်သူမှ ဝင်စွက်ဖက်လို့မရပါဘူး၊ ဒါကြောင့် ဒီဋ္ဌာနကြီးတွေဟာ ကာ/ချုပ်စကားပဲနားထောင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာ/ချုပ်သာလျှင် အာဏာအရှိဆုံးဖြစ်ပါတယ်။

မေးခွန်း(၄) အရေးအကြောင်းဆိုလျှင် စစ်တပ်နဲ့ရဲကိုသမ္မတက အမိန့်ပေးနိုင်ပါသလား?
***********


အမိန့်မပေးနိုင်ပါ၊ အရင် ကာ/လုံနဲ့တိုင်ပင်ရပါတယ်၊ ကာ/လုံက ကာ/ချုပ်အမိန့်ခံယူပြီးမှ လက်နက်ကိုင်အင်အားအသုံးပြုခွင့်ပေးမှာပါ၊ ကာ/လုံ တိုက်တွန်းလျှင်သမ္မတကြီးကအရေးပေါ်အခြေအနေကြော်ငြာပေးရမှာပါ။

မေးခွန်း(၅) စစ်တပ်က အာဏာသိမ်းနိုင်လား?
************
စစ်တပ်က အာဏာသိမ်းစရာမလိုပါ၊ သမ္မတက အရေးပေါ်အခြေအနေကြော်ငြာလိုက်တာနဲ့ နိုင်ငံတော်အာဏာကို ကာ/ချုပ်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပုဒ်မ ၄၁၈) အရ လွဲအပ်ရမှာပါ၊ အာဏာသိမ်းစရာမလိုပဲ သမ္မတကြီးဆက်သတဲ့အာဏာကို ဒူးနှန့်ယူရုံပေါ့။

မေးခွန်း(၆) စစ်တပ်က မြေသိမ်းတာတွေ၊ လယ်သိမ်းတာတွေ၊ မတရားမှုတွေလုပ်ခဲ့ရင် အဲဒီအတွက်အရပ်ဘက်တရားရုံးတေွမှာ တရားစွဲလို့ရနိုင်သလား?
************


လုံးဝမရပါ၊ ဘာကြောင့်ဆိုတော့ ပုဒ်မ ၁၀ ခ အရ တပ်မတော်နဲ့ပတ်သက်သမျှ တပ်မတော်ကပဲ (လွတ်လပ်စွာ) စီမံမယ်လို့အတိအလင်းပြောထားပါတယ်။ ဥပမာ၊ ခင်ဗျားအခုပိုင်နေတဲ့မြေကို စစ်တပ်ကလာသိမ်းရင်ခင်ဗျားဘယ္ဥပေဒမွာအားမကိုးႏိုင္ဘူး။

မေးခွန်း(၇) ဒါဆို ၂၀၀၈ ဥပဒေရဲ့ အားသာချက်ကဘာလဲ?
************


အားသာခ်က္တစ္ခုမွမရွိပါဘူး၊ အရင်အာဏာသိမ်းစစ်အစိုးရဖြစ်နေတဲ့အတွက် အရပ်ဘက်ကို တစ်ချိန်ချိန်အာဏာပြန်အပ်ရမယ့်အမည်းစက်ကြီး ရှိနေတယ်၊ အဲဒီအမည်းစက်ကြီးကိုတရားဝင်ဖြစ်အောင်၂၀၀၈ ခြေဥအရ ကောက်ကျစ်ယုတ်မာစွာစီမံထားြခင်းသာဖြစ်ပါတယ်။

မေးခွန်း(၈) ဒါဆိုရင်တော့ ပြည်တွင်းရေးကိစ္စအဝဝအတွက် စစ်တပ်မှာပဲအပြည့်အဝတာဝန်ရှိတယ်ဆိုတာရှင်းပါပြီ။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစစ်အမှန်သမ္မတရရင်ရောပြေလည်ႏိုင္သလား?
*************
မပြေလည်နိုင်ပါ။ ၂၀၀၈ ခြေဥ ရှိနေသမျှ သိကြားမင်းကိုယ်တိုင်လာအုပ်ချုပ်လည်း စစ်တပ်ကိုမလွန်ဆန်နိုင်ပါ။

မေးခွန်း(၉) ဒါဆို ၂၀၀၈ခြေဥ ကိုပြင်မှရမယ်ဆိုတာ သဘောပေါက်ပါပြီ။ ဘယ်လိုပြင်ရမလဲဆိုတာသိပါရစေ
*************
အရင်ပုဒ်မ ၄၃၆ ကိုပြင်ရမယ်၊ ဘာကြောင့်ဆိုတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့အတားအဆီးဖြစ်နေလို့ပါ။

မေးခွန်း(၁၀) ဘာကြောင့်မဖြစ်နိုင်တာလဲ?
***********
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော်သဘောတူပြီး
တနိုင်ငံလုံးရဲ့ မဲပေးနိုင်တဲ့လူဦးရေ ထက်ဝက်ကျော်ထောက်ခံရဦးမယ်၊ ပြီးရင်တပ်မတော်ဘက်ကလည်းသဘောတူရမယ် ဆိုတာ ဖြစ်နိုင်၊ မဖြစ်နိုင်စဉ်းစားသာကြည့်ပါတော့။ သူတို့ဘာသာသူတို့ အာဏာအပ်နှင်းထားတဲ့ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုတာ ဘုရားအလောင်းတွေမှပဲ လုပ်နိုင်တာမျိုးမဟုတ်လား။ ခင်ဗျားက ကာ/ချုပ်ကို ဘုရားလောင်းလို့တော့မထင်ပါဘူးနော္။

မေးခွန်း(၁၁) ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်ကဘာလဲ?
************
စစ်မှန်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်လာရေးနဲ့ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့သမ္မတစစ်စစ်ဖြစ်လာရေးပါ၊

မေးခွန်း(၁၂) ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းအရေးအခင်းတွေနဲ့ပတ်သက်ရင် ရေငုံနှုတ်ပိတ်နေတာများပြီး ဝေဖန်တာ၊ ရှုတ်ချတာမျိုးအင်မတန်နည်းတာဘာကြောင့်လဲ?
************
မိုးစက်ကျတိုင်းလိုက်ခံနေမယ့်နေမယ့်အစား ခေါင်းမိုးကြီးတစ်ခုလုံးကိုလဲလိုက်တာအကောင်းဆုံးလို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ခေါင်မိုးနဲ့တူတဲ့ ၂၀၀၈ ခြေဥကို မပြင်နိုင်အောင် လူမျိူးရေးအဓိကရုဏ်း၊ ပြည်တွင်းစစ်အခြေအနေ၊ လယ်သိမ်းယာသိမ်းပြသနာအချို့ နဲ့ရေစက်တွေလိုက်ချပြီး လူစုတွေခွဲထုတ်နေပါတယ်။

မေးခွန်း(၁၃) အင်း၊ တော်တော်ခက်ခဲတာပဲ၊ ဒါဆိုရင် ၂၀၀၈ ခြေဥကိုပြင်ဖို့ တခြားနည်းလမ်းရှိသေးလား?
************
ရှိပါတယ်၊ ကာ/ချုပ် ကြီးကို ဘုရားဆုပန်အောင် တိုက်တွန်းတဲ့နည်းလမ်းပါ။

မေးခွန်း(၁၄) ၂၀၀၈ ခြေ/ဥကို ဖက်ဒရယ်ဒီမိုကရေစီ ခြေ/ဥ တစ်အုပ်နဲ့
အစားထိုးရင်ရော?
************
အသင့်တော်ဆုံးနဲ့ အဖြစ်သင့်ဆုံး နည်းလမ်းပဲ။
ခြေဥအသစ်တစ်ခုနဲ့ အစားထိုးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်
တစ်ယောက်ကနေ အဆိုတင်ရမယ်။ အဆိုဖြစ်တဲ့အတွက် ကိုယ်စားလှယ်
၅၀%ကျော်က ထောက်ခံတာနဲ့ OKပြီ။



credit



အရမ်းကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်......

Wednesday, 4 October 2017





မြန်မာယူနီကုဒ်
    နိုင်ငံတကာ ယူနီကုဒ် အဖွဲ့အစည်းကြီး၏ မြန်မာနိုင်ငံအတွက် အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် ပစ္စည်းများတွင် အဆင်သင့် ပါဝင်ပြီး ဖြစ်ပါသည်။ သီးသန့် ထည့်သွင်းပေးရန် မလိုအပ်ပါ။

မြန်မာယူနီကုဒ် စနစ်တွင် တိုင်းရင်းသား ဘာသာစကားများကိုပါ ထောက်ပံ့ပေးထားပါသည်။

    2011 ခုနှစ် Apple ၏ Mac OSX တွင် မြန်မာယူနီကုဒ် စနစ်သုံး Myanmar Sangam MN ဖောင့် နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့် ပါဝင်လာခဲ့ပါသည်။
    2012 ခုနှစ်တွင် Microsoft ၏ Windows 8.1 တွင် မြန်မာယူနီကုဒ် စနစ်သုံး Myanmar Text ဖောင့် နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့် ပါဝင်လာခဲ့ပါသည်။
    2012 ခုနှစ်တွင် Google ၏ Android 4 တွင် မြန်မာယူနီကုဒ် စနစ်သုံး Padauk ဖောင့် နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့်ပါဝင်လာခဲ့ပြီး Android စနစ်သုံး Smart Phone များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါပြီ။
    2016 ခုနှစ်တွင် Apple ၏ iPhone နှင့် iPad တို့တွင်အသုံးပြုသော စနစ် iOS 10 တွင် မြန်မာယူနီကုဒ် စနစ်သုံး ဖောင့်နှင့်အတူ မြန်မာယူနီကုဒ်စနစ် အဆင်သင့် ပါဝင်လာခဲ့ပါသည်။
ဟုတ်ရင်ကျော်မည် ပုတ်လျှင်ပေါ်မည်

သရဝဏ်(ပြည်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရိုဟင်ဂျာဘင်္ဂလီပြသနာနှင့်ပါတ်သက်၍ စက်တင်ဘာလ ၂၈ ရက်တွင် အစည်းအဝေးတစ်ရပ်ခေါ်ယူတော့မည်ဖြစ်သည် ။ထိုသို့အစည်းအဝေးခေါ ်ယူပေးပါမည့်အကြောင်းကို အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ ပြင်သစ် ၊ အီတလီ ၊ ဆွီဒင် ၊ ဆီနီဂေါနှင့် ကာဇက်စတန်နိုင်ငံများက တောင်းဆိုခဲ့ကြောင်းသိရသည် ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနှင့်အလှည့်ကျအဖွဲ့ဝင်ဆယ်နိုင်ငံ ၊ စုစုပေါင်း အဖွဲ့ဝင် ၁၅ နိုင်ငံရှိပါသည် ။ ထိုနိုင်ငံများမှာ အမြဲတမ်းအဖွဲ့ဝင် တရုတ် ၊ရုရှား၊ ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ် ပြီး အလှည့်ကျအဖွဲ့ဝင်ဆယ်နိုင်ငံအဖြစ်လောလောဆယ် ဘိုလီးဘီးယား၊ အီဂျစ် ၊ အီသီယိုပီးယား၊အီတလီ၊ဂျပန်၊ကာဇက်စတန်၊ ဆီနီဂေါ ၊ဆွီဒင် ၊ ယူကရိန်း၊ ဥရုဂွေး တို့ဖြစ်ကြသည် ။ ဆယ့်ငါးနိုင်ငံအဖွဲ့ဝင်ရှိသည့်အနက် ခုနစ်နိုင်ငံက အစည်းအဝေးခေါ်ပေရန်တောင်းဆိုခဲ့သည် ။ ထို့ကြောင့် (၈) နိုင်ငံသည် ထိုရိုဟင်ဂျာအရေးကိစ္စတွင် အခြားနိုင်ငံတွေလောက်သဲသဲလှုပ်ဖြစ်မနေဘူးဆိုသည့်သဘောဖြစ်သည် ။ တဖန် U.Nလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ပေးရန်တောင်းဆိုသောနိုင်ငံထဲတွင် ဗီတိုအာဏာပိုင်ရှင် တရုတ်နှင့် ရုရှားနိုင်ငံမပါသလို မြန်မာဘက်ကအမြဲတမ်းအကောင်းမြင်ရပ်တည်ခဲ့သော ဂျပန်နိုင်ငံမပါဝင်ပေ ။ အခြားနိုင်ငံငယ်များမှာ မူဝါဒခိုင်ခိုင်မာမာမရှိပဲ အမေရိကန်နှင့် ဥရောပနိုင်ငံများ လှုပ်ရှားသည့်နောက်သို့မီးစင်ကြည့်ကာ နောက်ကလိုက်မည့်နိုင်ငံအများစုဖြစ်သည် ။ ထိုအစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ တင်ပြအစီရင်ခံမည်ဖြစ်ကြောင်းသိရသည် ။ ကုလအတွင်းရေးမှူးချုပ်က တင်ပြအစီရင်ခံမည်ဆိုသည်မှာ ဗေဒင်မေးနေစရာမလို ဘင်္ဂလီနှင့် မူဆလင်နိုင်ငံများ အခါများစွာကြိုတင်နှပ်ကြောင်းပေးထားသည့် မျိုးတုန်းသတ်ဖြတ်မှုတို့ ၊လူမျို းရေးသန့်စင်မှုတို့ ၊ ရိုဟင်ဂျာလူနည်းစုများရက်စက်စွာဖိနှိပ်ခံနေရသည်တို့ ၊ အိုးအိမ်စွန့်ခွာတို့ ၊ လူ့အခွင့်အရေးချိုးဖောက်ခံ တို့စသောစကားလုံးများဖြင့်သာ ချေးတုန်းဝဲလှည့်သလိုပြောကြဆိုကြဦးမည်ဖြစ်သည် ။စိတ်သက်သာစရာတစ်ခုရှိသည်ကား မြန်မာနိုင်ငံကို ရှုတ်ချတာတို့ ၊ တားမြစ်ပိတ်ပင်တာတို့ စသည့်ပြင်းထန်သည့်ဆုံးဖြတ်ချက် ၊ကြေငြာချက်တစ်ရပ်ထုတ်မည်ဆိုလျှင် တရုတ်နှင့်ရုရှားတစ်နိုင်ငံငံကဖြစ်စေ ၊ နှစ်နိုင်ငံစလုံးက ဖြစ်စေ တချက်လွှတ် ဗီတိုအာဏာ သုံး၍ပါယ်ချလိုက်ဖို့ များလေသည် ။ ယခင်မြန်မာစစ်အစိုးရလက်ထက် အင်မတန်နိုင်ငံတကာတွင်မျက်နှာပျက်နေရသောခေတ်ကပင် တရုတ်နှင့် ရုရှားသည် Double Veto ခေါ်ကြုံတောင့်ကြုံခဲ နှစ်ထပ်ကွမ်းဗီတိုအာဏာသုံး၍ မြန်မာအစိုးရအားအရေးယူရေးအဆိုကိုပယ်ချခဲ့ဖူးသည် ။ယခုခေတ်လို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ ကမ္ဘာ့အလည်တွင်ဝင်ဆန့်လာသောခေတ်တွင် ကာကွယ်မှုလုပ်ရသည်မှာ တရုတ်နှင့်ရုရှားအတွက်ယခင်ကလောက်ပင်မခက်ခဲတော့ပေ ။

     ထိုသို့ မြန်မာအပေါ်တရုတ်နှင့် ရုရှားတို့ အကာအကွယ်ပေးမှုသည် သူတို့အကျိုးလည်းပါသင့်သလောက်ပါပေသည် ။ တရုတ်နိုင်ငံတွင်လည်း ဝိဂါ ပန်းသေးမူဆလင်များရှိသည် ။ဇန်ကျင်းပြည်နယ်တွင် မူဆလင်လူဦးရေများစွာရှိရာတရုတ်အစိုးရသည်မူဆလင်များကိုတင်းကြပ်စွာကိုင်တွယ်ထားသောသာဓကရှိသည် ။ မူဆလင်များ၏အခွင့်အရေးအတွက်ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုအရေးယူလိုက်ခြင်းသည် သူ့ဘက်သို့တချိန်ချိန်တွင်မြှားဦးလှည့်လာနိုင်သည် ။ ဝိဂါဒေသတွင် လူ့အခွင့်အရေးတွေ မူဆလင်အခွင့်အရေးတွေဘာတွေ တောင်းဆိုလာနိုင်သည် ။ တရုတ်ပြည်တွင်းမှာရှိသော မူဆလင်များကလည်း ရခိုင်ပြည်နယ်မှဘင်္ဂလီများကိုအတုယူကာထကြွလာနိုင်သည် ။ ထိုကိစ္စများကိုအပြတ်ဖြတ်ထားဖို့မှာ မြန်မာနိုင်ငံ မှဘင်္ဂလီအရေးပဲခေါ်ခေါ် ရိုဟင်ဂျာအရေးပဲခေါ်ခေါ် မူဆလင်ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာဖြင့်အပြတ်ဖြတ်ထားလိုက်ခြင်းကသာတရုတ်ပြည်အကျိုးစီးပွားအတွက် အကောင်းဆုံးဖြတ်သည် ။ ရုရှားအတွက်လည်းထိုနည်းနှင်နှင်ဖြစ်သည် ။ချေချင်းညာဒေသတွင် မူဆလင်သန်းနှင့်ချီ၍ရှိသည် ။ ထိုမူဆလင်များ ဘာသာရေးရှေ့တန်းတင်ကာ နိုင်ငံရေးလုပ်လာကြမှာကို ရုရှားအစိုးရကမလိုလားပါ ။ ထို့ကြောင့် ရခိုင်ကိစ္စတွင် မူဆလင်အားပေးဆုံးဖြတ်ချက်မှန်သမျှကို ပယ်ချမည်သာဖြစ်သည် ။နောက်တစ်ချက်က ရုရှးနိုင်ငံသည် သမိုင်းအဆက်ဆက် အမေရိကန်နှင့် ဗြိတိန်လုပ်သမျှ ကိစ္စတိုင်းကိုအမြဲတမ်း ဆန့်ကျင်ကန့်ကွက် ကန့်လန့်တိုက်လေ့ရှိသည် ။ ဆီးရီးယားအရေးတွင် သမ္မတအာဆတ်အစိုးရအား အမေရိကန်က ဆန့်ကျင်ပြီးကဒ်သူပုန်များကို လက်နက်ထောက်ပံ့ရာ ရုရှားက ကန့်လန့်တိုက်ပြီး အာဆတ်အစိုးရဘက်မှစစ်ရေးအကူအညီပေးရုံမက ကိုယ်တိုင်ပင် လေတပ်ဖြင့်ဝင်တိုက်ပေးသည် ။ ထိုသို့နှစ်နိုင်ငံ ကဏ္ဍကောစ လုပ်နေမှုက မြန်မာနိုင်ငံရခိုင်အရေး ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်ရမည်ဆိုပါက သိသာစွာ ရိုက်ခတ်နိုင်သည် ။

     လောလောဆယ် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံအဖွဲ့ဝင်အဖြစ်ပါမနေခြင်းက မြန်မာအတွက် နစ်နာသည် ။ ရိုဟင်ဂျာအရေး အာပေါက်အောင်အော်နေကြသော အမေရိကန်၊ပြင်သစ် ၊ ဗြိတိန်၊ ဆွီဒင်စသောနိုင်ငံများသည် ရိုဟင်ဂျာဘင်္ဂလီများနှင့် အနီးကပ် နေဖူးသူများမဟုတ်ချေ ။ အိန္ဒိယမှာမူ ဘင်္ဂလားဒေ့ရှ်နှင့်လည်း နယ်နိမိတ်ခြင်းဆက်စပ်နေသည် ။ ဘင်္ဂလီများ ခိုးဝင်သောဒဏ်ကိုလည်း မြန်မာကဲ့သို့နှစ်ပေါင်းများစွာခံစားနေရသည် ။ ပါကစ္စတန်နှင့်လည်းနယ်စပ်စစ်ပွဲဆင်နွှဲနေရသဖြင့် အစ္စလာမ်စစ်သွေးကြွများဒဏ်ကိုကော့နေအောင်ခံထားရသည် ။ ၎င်းအပြင် အိန္ဒယသို့ခိုးဝင်လာသော ရိုဟင်ဂျာဟုသူတို့ဘာသာခေါ ်သူ ဒုက္ခသယ်များကို နိုင်ငံတွင်းတွင်ဆက်ထားသင့်မထားသင့် နိုင်ငံသားအချင်းချင်းပင် အငြင်းပွားနေရသည် ။ ထိုအထဲတွင် မြန်မာနိုင်ငံ ရခိုင်ဒေသ မှ ဟိန္ဒူဘာသာဝင် ၁၀၀ နီးပါးပျောက်ဆုံးသွားမှု ၊ ဟိန္ဒူများအား ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ဟုခေါ်သောဘင်္ဂလီအကြမ်းဖက်အဖွဲ့ဝင် ၃၀၀ ခန့်က အတင်းအဓမ္မခေါ်ဆောင်သွားကြောင်းမျက်မြင်သက်သေများ၏ပြောပြချက် ၊ထိုအထဲမှ ဟိန္ဒူအမျိုးသမီးရှစ်ယောက်ကို အစ္စလာမ်ဘာသာသို့အတင်းအဓမ္မ ဘာသာကူးပြောင်းဝင်ရောက်စေသော သတင်းများသည် အိန္ဒိယနိုင်ငံသားများစွာကိုဒေါသထွက်စေသည် ။ အဆိုးဆုံးကိစ္စတစ်ခုကထပ်ဆင့် ပေါ ်ပေါက်လာသည် ။ ARSA ရိုဟင်ဂျာအကြမ်းဖက်သမားများလက်ချက်ဖြင့်ပျောက်ဆုံးနေသော ဟိန္ဒူ ၁၀၀ ကျော်အနက် စက်တင်ဘာ၂၅ နှင့် ၂၆ ရက်နေ့များတွင် လူ ၄၅ ဦး၏အလောင်းများသည် မြေကျင်းကြီးနှစ်ခုထဲမှ ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် ၊ ရဲဘော်ကျကျေးရွာ အနီးတောစပ်တွင်ပေါ်လာသည် ။ရိုဟင်ဂျာဆိုသူများ ၊ သူတို့ကိုမြန်မာ့တပ်မတော်ကအကြမ်းဖက်လူမျိုးတုန်းသတ်ဖြတ်နေပါသည်ဟု ကမ္ဘာကိုငိုယိုပြီးတိုင်သူများ လူမဆန်စွာ ကျူးလွန်ခဲ့သော ရက်ရက်စက်စက် လူမျိုးတုန်းသတ်ဖြတ်မှုကြီးပေါ ်ပေါက်လာသည် ။ အိန္ဒိယနိုင်ငံသားများသည် သူတို့ဘာသာတူ ၊မျိုးနွယ်တူ ဟိန္ဒူများအစုလိုက်အပြုံလိုက်အသတ်ခံရမှုအတွက် တနိုင်ငံလုံးဆွေ့ဆွေ့ခုန်အောင်ဒေါသဖြစ်ကြတော့သည် ။ အိန္ဒိယနိုင်ငံရုပ်သံလိုင်းများတွင် ထိုသတင်းများကချက်ခြင်းပင် အထူးသတင်း( Breaking News ) အဖြစ်နေရာယူသွားကြလေသည် ။ ရိုဟင်ဂျာတို့၏ဟန်ဆောင်မျက်နှာဖုံးကွာကျခြင်း၊ ရိုဟင်ဂျာတို့၏ ထိတ်လန့်ဖွယ် အစုလိုက်အပြုံလိုက်လူသတ်မှုကြီး စသည်ဖြင့် သတင်းများ ဖော်ပြကြသည် ။ရုပ်မြင်သံကြားတွင် အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာသိအောင် Debate များလုပ်ကြသည် ။ ရိုဟင်ဂျာခေါင်းဆောင်ဆိုသူများကို ရုပ်သ့အစီအစဉ်တွင်ဖိတ်ခေါ ်၍ ဟိန္ဒူများမြန်မာပြည်၌ ရိုဟင်ဂျာတို့အသတ်ခံရပုံ၊ မသေမီညှဉ်းပန်းနှိပ်စက်ကြပုံ ၊ အမျိုးသမီးများကိုအဓမ္မပြုကျင့်ကြပုံများကို ဖော်ထုတ်စါတ်စွဲပြီး ထိုကိစ္စများအတွက် ဟိန္ဒူဘာသာဝင်များအားလုံးကို ရိုဟင်ဂျာများက ဝန်ချတောင်းပန်ရမည်ဟု ကြိမ်းမောင်းပစ်တင်ကြသည် ။ ထို့ကြောင့် ဘင်္ဂလီပြသနာဇာတ်ရှုပ်အတွက် အိန္ဒိယသည် အားကိုးရသော ဝှက်ဖဲတစ်ခုဖြစ်သည် ။ အိန္ဒိယ မီဒီယာများသည် အချိန်တိုတိုအတွင်း ကမ္ဘာသို့ထိုးဖောက်နိုင်တာ သတိပြုမိသည် ။ မီဒီယာများက မီဒီယာပညာရင့်ကျက်ပြည့်ဝခြင်း ၊ ကမ္ဘာသို့ထိုးထောက်နိုင်စွမ်းရှိခြင်း၊ အားလုံးနားလည်သော အင်္ဂလိပ်ဘာသာစကားနှင့်ပိုင်နိုင်စွာပြောဆိုတင်ဆက်ခြင်းတို့သည် အထူးအားသာချက်များဖြစ်သည် ။ မြန်မာကတော့ဤမျှကောင်းမွန်သောသတင်းထူးသတင်းဦးကြီးကိုရပါလျက် နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီwebsite နှင့် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ.ဘွတ်စာမျက်နှာတို့တွင် ရုံးစာဆန်ဆန် တင်ထားတာတွေ့ရလေသည် ။ မြန်မာနိုင်ငံတွင်ဖြစ်သောသတင်းစင်စစ်ဖြစ်ပါလျက် အိန္ဒိယမီဒီယာများလောက်ပင်ဤကိစ္စအပေါ် ကမ္ဘာသို့ ဖြန့်ပေးနိုင်ခြင်းမရှိတာ အားမရစွာတွေ့ရလေသည် ။ မြန်မာပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီမိုကရေစီရုပ်ရှင်ပွဲတော် ၊ ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ၊ငြိမ်းချမ်းရေးအဆိုပြိုင်ပွဲတွေနှင့် မရောင်ရာဆီလူးနေကြလေသည် ။

         ပြန်ကြားရေးဝန်ကြီးဌာနကငြိမ်နေသော်လည်း လောကပါလတရားကားငြိမ်မနေ ။ ကာလဝိပါက်နောက်ပိုးတက်ဆိုသလို သူများကို ဂျီနိုဆိုက် ခေါ ်လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ထာစဉ်စွပ်စွဲခဲ့သော ရိုဟင်ဂျာ (ခေါ်) အကြမ်းဖက် ဘင်္ဂလီများသည် ယခုတော့ ဟိန္ဒူဘာသာဝင် အိန္ဒိယတိုင်းရင်းသား ၄၅ ယောက်သေဆုံးမှု ၊ လူတစ်ရာခန့်ပျောက်ဆုံးမှုတို့နှင့် လက်ပူးလက်ကျပ် မိနေချေပြီ ။ စွပ်စွဲမှမဟုတ်ပဲ လူသက်သေ ၊ အလောင်းသက်သေ ၊ မျက်မြင်ရွာခံသက်သေတို့ဖြင့် သူတို့ကျူးလွန်ခဲ့တာ ဘူးပေါ ်သလိုပေါ ်လာပေပြီ ။ အိန္ဒိယရုပ်သံတစ်ခု၏ စကားစစ်ထိုးပွဲ (Debate )တစ်ခုတွင် အိန္ဒိယနိုင်ငံသားတစ်ယောက်ပြောတာမှတ်သားဖို့ကောင်းသည် ။ သူက ရိုဟင်ဂျာထောက်ခံသူများကိုလက်ညှိုးထိုးကာ
“ခင်ဗျားတို့မြန်မာပြည်မှာမျိုးတုန်းအောင် အသတ်ခံနေရပါတယ်လို့သာအော်နေတာ ဘာမှလဲ သက်သေသက်ကာယနဲ့မပြနိုင်ဘူး ၊ အခု ဟိန္ဒူတွေကို ခင်ဗျားတို့ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်တာ သက်သေခံနဲ့တကွပေါ ်လာပြီ ၊ ဘာငြင်းဦးမလဲ “ဟူသတည်း ။ မြန်မာစကားပုံတစ်ခုအတိုင်းပါပဲ ။ ဟုတ်လျှင်ကျော်မည် ၊ ပုပ်လျှင်ပေါ်လာပေမည် ။ ရိုဟင်ဂျာတို့အလိမ်ဇာတ်လမ်းများက မပုပ်ခင်အချိန်အထိ ကုလသမဂ္ဂတွင် အမွှေးနံလေးတွေသင်းကြိုင်နေပါလိမ့်မည် ။ ပုပ်၍ပေါ်လာသည့်တစ်နေ့တွင်မူကား     ။

သရဝဏ်(ပြည်)



မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သက်တော်ရှည် နာယကကြီး
ရခိုင်လူမျိုး စစ်စစ် အဘိုး ဦးကျော်ခိုင် ကွယ်လွန်ကြောင်း သိရတဲ့အတွက် မိသားစုနဲ့ ထပ်တူ၊ ပါတီနဲ့ထပ်တူ ဝမ်းနဲစိတ်မကောင်းဖြစ်မိပါတယ်
အဘိုးဦးကျော်ခိုင် ကောင်းရာသုဂတိလားပါစေ …

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် ဦးကျော်ခိုင် ကွယ်လွန်
===============

အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် နာယကအဖွဲ့ဝင်နှင့် ဝါရင့် နိုင်ငံရေးသမားကြီး ဦးကျော်ခိုင် သည် အောက်တိုဘာ ၃ ရက် နံနက်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တောင်ကုတ်မြို့နယ်မှ ရွေး ကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးကျော်ခိုင်သည် သက်ကြီးရော ဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၉၅) နှစ်ရှိပြီဖြစ်ကြောင်း မိသားစုဝင် များက ပြောသည်။

‘‘မနက် ၂ နာရီလောက်မှာ ဆုံးတယ်။ ဒီနေ့ ၁ နာရီမှာပဲ သင်္ဂြိုဟ်ဖြစ်ပါတယ်။ ကွယ်လွန် သူရဲ့ ဆန္ဒအရပေါ့’’ ဟု မိသားစု ဝင်တစ်ဦးက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

ဦးကျော်ခိုင်သည် ၁၉၈၈ အရေးတော်ပုံကာလက မြို့မိမြို့ ဖအဖြစ် ဦးဆောင်ခဲ့ရာမှ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တွင်ပါ ဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ကာလတွင် ဒီချုပ်၏ ရခိုင်ပြည် နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ နောက် ၂၀၁၃ တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ၌ သ ဘာပတိအဖွဲ့ဝင်အဖြစ် ရွေးချယ် ခံခဲ့ရသည်။

ဦးကျော်ခိုင်သည် လက်ရှိအ ချိန်အထိ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ နှစ်စဉ် ကန်တော့ခံ ဝါ ရင့်နိုင်ငံရေးသမားတစ်ဦးအြဖစ် သတ်မှတ်ခံထားရသည့် ပုဂ္ဂိုလ် ဖြစ်သည်။

‘‘အဘက ကျွန်မတို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင် အားတစ်ခုပါ။ စိတ်မကောင်းဖြစ် ရပါတယ်’’ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဒေါက်တာ မေ ဝင်းမြင့်က ပြောသည်။

ဦးကျော်ခိုင် ဆုံးပါးမှုအ တွက် ဝမ်းနည်းကြောင်း သတင်း လွှာကို အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ထုတ်ဝေသည့် သတင်း လွှာတွင် ဖော်ပြမည်ဖြစ်ကြောင်း ဒီချုပ်ဗဟိုပြန်ကြားရေး ကော်မတီ ဝင် မုံရွာအောင်ရှင်ကပြောသည်။

ဦးကျော်ခိုင်သည် ၂၀၀၉ တွင် တရားရုံးက ပြစ်မှုမြောက်၍ ပလပ်ထားသော အမှုတစ်ခုဖြင့် ပြန်လည်စွဲဆို ထောင်ချသဖြင့် ထောင်ဒဏ်နှစ်နှစ် ကျခံခဲ့ရသည်။ ၂၀၁၁ ပြန်လည်လွတ်မြောက်လာ အချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးအဖြစ် စာရင်းဝင်ခဲ့သည်။

‘‘လေးစားစရာ ကောင်းတဲ့ အဘပါ။ ကျွန်တော်နဲ့ သရက် ထောင်မှာ နှစ်နှစ် ထောင်အတူကျ ခဲ့ပါတယ်။ အတူရှိခဲ့စဉ်တုန်းက သူ့ရဲ့ ခံယူချက်တွေကို နားထောင် ခဲ့ရပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင် ရာ ကြံ့ခိုင်လွန်းပြီး အရွေ့တစ်ခု အတွက် တိုင်းပြည်အတွက် လုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်လို့ စိတ်မ ကောင်းဖြစ်မိပါတယ်’’ ဟု နိုင်ငံ ရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဦးခိုင်ကောင်းစံက ပြော သည်။

ဦးအောင်ဘ၊ ဒေါ်လှိုင်တို့၏ ရင်သွေးရှစ်ဦးအနက် သားအကြီး ဆုံးဖြစ်သည့် ဦးကျော်ခိုင်သည် ကွယ်လွန်ချိန်တွင် သားသမီး ခြောက်ဦး၊ မြေး လေးဦးနှင့် မြစ် ငါးဦးတို့ ကျန်ရစ်သည်။ ဦးကျော် ခိုင်၏ အသုဘရှု သင်္ဂြိုဟ်အခမ်း အနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် တောင်ကုတ်မြို့နယ် မြို့မိမြို့ဖ များ တက်ရောက်ခဲ့သည်။

Source: 7 Day 
"ဂျာမနီနိုင်ငံသား Mikis Weber တစ်ယောက် မြန်မာနိုင်ငံမှာ မင်းသားလုပ်ပြီ"
--------------------------------------------------------------------------------------
ဂျာမနီနိုင်ငံကနေ မြန်မာပြည်ကိုလာပြီး အနုပညာလှုပ်ရှားမှုတွေလုပ်နေပြီဖြစ်တဲ့ Mikis Weber က 

"မန္တလာမြေမှပန်းသစ္စာ" ရုပ်ရှင်ကားမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပထမဆုံးပါဝင်သရုပ်ဆောင်တော့မှာဖြစ်တာ 

ကြောင့်သူ့ရဲ့ရင်ခုန်စကားသံများကို The Radar ကမေးမြန်းဖော်ပြလိုက်ပါတယ်။






DVB Debate ပြီးသွားတော့ MLM တွေ ဘာထူးသွားလဲ ဆိုတော့ အရင်လို ပေါက်လွှတ်ပဲစား လူဆွယ်တာတွေ နဲသွားတယ်..။ ဒါဟာ အမြတ် ပဲ။
TV နဲ့ Media တွေ၊ စာနယ်ဇင်းတွေကလဲ ဝိုင်းဆော်တော့ နဲနဲတော့ အီဆိမ့်သွားတယ်။
ဒီအချိန်တွေမှာ Anti တွေက နောက်တစ်ဆင့် တက်သင့်တယ်..။
(၁) လူစည်တဲ့နေရာတွေမှာ လက်ကမ်းကြော်ငြာဝေတာမျိုး၊ ပြောဆို ရှင်းပြတာမျိုး
(၂) မြို့တော် ခန်းမ ရှေ့မှာ Anti တွေ စုဝေး ပြီး campaign လုပ်တာမျိျုး 
(၃) သက်ဆိုင်ရာ နယ်အလိုက်၊ ဒေသအလိုက်၊ မြို့အလိုက် လက်ကမ်းဝေတာ၊ campaign လုပ်တာမျိုး.. ဒါတွေ လုပ်သင့်တယ်လို့ မြင်တယ်။
ခွင့်ပြုချက်တော့ အရင်ယူရမှာပေါ့လေ
အပြုသဘော ဝင်ရောက် ဆွေးနွေးလို့ ရပါတယ်