အသက်ကယ်ဆေးပေးဖို့ လိုနေပြီဖြစ်သော မျက်ပြူဆိုက်စပြုနေသည့် မြန်မာ့စီးပွားရေး
==========================================
မြန်မာ့နိုင်ငံမှာ လူငယ်တွေ အတွက် အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရနှင့် စီးပွားရေးအအသိုင်းအဝိုင်း အပါအဝင် အဖက်ဖက်က ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုသည်။ ယခုလောလော ဆယ်မှာတော့ စတော့ဈေးကွက်တွေ အခြေအနေသိပ်မဟန်၊ စတော့ဈေးကွက် မှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီတွေစာ ရင်းစသွင်းစဉ်က ရှယ်ယာဈေးထက် လက်ရှိရှယ်ယာဈေး အရမ်းပြုတ်ကျသွား တယ်။ တချို့ကုမ္ပဏီတွေဘဏ်တွေ တောင် စတော့ဈေးကွက်ကထွက်ဖို့ စဉ်းစား နေတဲ့အနေအထား ရောက်နေ တယ်။ စတော့ဈေးကွက်က မထွက်ရင် စတော့ဈေးကွက်မတင်ခင်က ရှယ်ယာ ဈေးနှုန်းအခြေ အနေအဖတ်ဆယ်မရမှာ စိုး၍ ဖြစ်မည်။
ယခု လတ်တလောဖြစ်နေ တဲ့ အနေအထားက ငွေကြေးလည်ပတ်မှု လွန်စွာနှေးကွေးနေခြင်းပါ။ ပြဿနာအစ က အိမ်ခြံမြေတွေကိုထိန်းဖို့ ငွေမည်းတွေ ကို ထိန်းဖို့ဆိုပြီး အိမ်ခြံမြေအခွန်ကို ၃၀ ရာခိုင်နှုန်းအထိတိုးမြှင့်လိုက်တာက စတာပါ။ ၂၀၁၄ စက်တင်ဘာလနောက် ပိုင်းမှာ အိမ်ခြံမြေဈေးကွက် ကျဆင်းလာ သလို၊ ကွန်ဒိုတိုက်ခန်းအရောင်းအဝယ် လည်း Father Land ဦးကျော်မြင့်ရဲ့ One Two ရိုက်ကွက်တွေကြောင့် အယုံအကြည်မဲ့သွားခဲ့ပြီး အရောင်း အဝယ်ကျဆင်းခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အစိုးရအသစ်ရဲ့ စွမ်းဆောင်မှုကြောင့် စီး ပွားရေး ပြန်ကောင်းလာမည်ဟူသော မျှော်လင့်ချက်နဲ့ အိမ်ခြံမြေအရောင်းအ ဝယ် ပြန်ကောင်းလာမည်ဟုဆိုကာ စီး ပွားရေးအသိုင်းအဝိုင်းမှ မျှော်လင့်နေကြ သည်။ ယခုအခါ အစိုးရသစ်တက်လာ သည်မှာ ၁၈ လရှိနေပြီဖြစ်သည်။ သုံးသပ် ကြည့်ရသလောက် အစိုးရသစ်အနေနဲ့ အာရုံများနေခြင်းလော၊ ပြောင်းလဲသင့် သည့်အချိန်မှာ ပြောင်းသင့်ပြောင်းထိုက် သည့်Timing အမှန်ကို မသိခြင်း လော၊ စီးပွားရေးပညာရှင်များ၏ အကြံပြု ချက်များက လက်တွေ့မြန်မာ့စီးပွားရေး အခြေအနေနှင့် မကိုက်ညီခြင်းလော၊ ဖြစ်သင့် ဖြစ်ထိုက်သည့်ပြုပြင်ပြောင်း လဲခြင်းကို မိမိ၏ရာထူးထိုင်ခုံထိခိုက် မည်စိုး၍ decision Makerမ ထဲ မတင်ပြရဲခြင်းလော့ (ယခင်ခေတ်ကတော့ တချို့ ပညာÓ ဏ် ကြီးမားသောdecision Maker တွေ က အောက်ခြေ ဝန်ထမ်းများမှ တင်ပြလာသည့်အခါ လူကြီးကို ဘာလုပ်ရမည်ကို ဆုံးဖြတ်ခိုင်း တာထက်၊ ဘယ်လိုမျိုးလုပ်ရင် အကောင်းဆုံးဆိုတဲ့ တင်ပြမှုကို ကြိုက်ကြသည်) တင်ပြလို့ အခန့်မသင့် ရင် ထိုင်ခုံပျောက်နေဦးမယ်။ ဒီအတိုင်း မလုပ်မရှုပ်မပြုတ်နေတာကမှ ပင်စင်လ စာလေးရနေဦးမည်ဆိုသည့်အတွေးနဲ့ လူ တွေပဲ ိdecision Makerအနီးတွင် ရှိ နေခြင်းလောဆိုပြီး လောပေါင်းများစွာနဲ့ မြန်မာပြည်ကြီး စီးပွားရေးတိုးတက်သည် ကိုမြင်တွေ့လိုသော စီးပွားရေးလောကမှ သူများစိတ်ထဲတွင် မေးခွန်းတွေဖြစ်နေ သည်။
ဒေါ်အောင်ဆန်းစုကြည်ပြော ခဲ့ဘူးသည့်ရောဂါတစ်ခုခွဲစိတ်ကုသမည်ဆို လျှင် မခွဲခင်မှာ အဆိုပါခွဲစိတ်မည့် ပြဿ နာနဲ့ ဆက်စပ်နေသော ဆီးချိုသွေးတိုး စသည့် ပြဿနာကိုလည်း ချင့်ချိန်ရန် လိုသည်ဟု ဆိုသည်။ ယခုမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အကြီးစားခွဲစိတ်မှုပြုလုပ် ရန် လိုနေသည့်သဘောဖြစ်နေပြီ။ အခြေအနေက သွေးတိုးဆီးချိုရှိသလား ဆိုတဲ့ ချင့်ချိန်ဖို့ထက် ဘာပဲရှိနေရှိနေ မခွဲမဖြစ်ခွဲရတော့မည့် အူအတက်ပေါက် သလိုမျိုး အခြေအနေဖြစ်နေပြီ။ လော လောဆယ်အူအတက်ပေါက်နေတာကို မခွဲရင် သေမည်။ ဒီတော့ ခွဲရမည်၊ ဆီး ချိုရှိရန် ဆီးချိုဆေးပေး၊ သွေးတိုးရှိရင် သွေးကျဆေးပေးပြီး ခွဲမှ အသက်ရှင် မည်။ မခွဲရင် လူနာသေတော့မည်။ ဆီး ချိုရှိနေလို့၊ သွေးတိုးရှိနေလို့ ဆင်ခြေပေး လို့ မရတော့ ဒီအခြေအနေမှာ မှန်ကန် တဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်းချမှသာ လူနာအသက်ရှင်ပေမည်။
ယခုတိုင်းပြည်စီးပွားရေး အခြေအနေမှန်ကိုdecision Makerမ တွေ သိသင့်သလောက်သိနေ လောက်ပြီဟုယူဆသည်။ လုံးဝမသိတာ တော့ ဟုတ်ပုံမပေါ်၊ စစ်အစိုးရခေတ်ကdecision Makerအဆင့်လူကြီးတစ် ယောက်နဲ့ စကားပြောခဲ့ဖူးသည်။ ထွေရာ လေးပါးတွေပြော၊ နိုင်ငံရေး၊ စီးပွားရေး တိုင်းရေးပြည်ရေးတွေ ပြောရင်းနဲ့ ဒီလူ ကြီးဆီက စကားတစ်လုံးတွက်လာတယ်။ ဒါတွေက မင်းပြောမှ ငါသိတာ၊ ဒီအခြေ အနေတွေ့အားလုံးအသေးစိတ် ငါမသိ ဘူးဟု ဆိုကာရိုးရိုးသားသားပြောခဲ့တာ ကြုံဖူးသည်။ အမှန်မှန်ကတော့ ဒီလူကြီး တွေ တကယ်မြေပြင်အခြေအနေမှန်တွေ အကုန်သိမယ် ထင်ခဲ့တာ မင်းနားတစ် ထောင်ဆိုတဲ့ စကားလည်း ရှိခဲ့တာကို ယခင်ဦးနေဝင်းလက်ထက်တုန်းကလည်း ဒီလိုမျိုးမလုပ်မရှုပ်မပြုတ်လူတွေပဲ အနား မှာရှိပြီး အားလုံးကောင်းပါသည်ခင်ဗျာပဲ ပြောခဲ့လို့ တိုင်းပြည်လည်း ချွတ်ခြုံကျပြီး အာဏာလည်း စွန့်လွှတ်ခဲ့ရပြီး တိုင်ပြည် လည်း ပျက်ခဲ့ပြီးပြီ။ ဒါတွေဟာ လုပ်သင့် လုပ်ထိုက်တဲ့အချိန်မှာ လုပ်ဖို့တိုက်တွန်း တဲ့သူ မရှိ၍ ဖြစ်သည်။ တိုက်တွန်းလို့ မှန်ရင်ကောင်းရဲ့မှားသွားရင် အလုပ်ပြုတ် မည်ကို အကြောက်ဆုံးဖြစ်သည်။
ယခုမြန်မာနိုင်ငံစီးပွားရေး ဘာကြောင့် ကျသလဲ၊ အဖြေကရှိပြီး သားပါ။ အရောင်းအဝယ်တွေဘာကြောင့် အေးလည်းအဖြေက ရှိပြီးသားပါ။ အိမ် ခြံမြေဈေးထိန်းခြင်းလို့ အခွန်ကို ၃၀ ရာခိုင်နှုန်းမြှင့်လိုက်တယ်။ အိမ်ခြံမြေ လည်း အရောင်းအဝယ်မဖြစ်၊ နိုင်ငံတော် လည်း အရောင်းအဝယ်မဖြစ်တော့အခွန် မရ၊ အိမ်ခြံမြေဝယ်လူတွေကလည်း အခွန်များတော့ မဆောင်ချင်တော့ ှစနခငေူ ဏသတနမ (ကိုယ်စားလှယ် လွှဲစာ)နဲ့ပဲ ဝယ်ကြသည်။ အရောင်းအ ဝယ်ကောင်းတယ်ဆိုတာ အိမ်ခြံမြေတစ် ခုပဲ ကြည့်ကို မရပါဘူး။ ဒီအိမ်ခြံမြေ အရောင်းအဝယ် ကြောင့် ဖြစ်ပေါ်လာတဲ့ ငွေလည်ပတ်မှု ငွေကြေးစီးဆင်းမှု ဒီလိုငွေကြေးစီးဆင်းမှုကြောင့် စီးပွားရေးပြေလည်လာမည်။ လူလတ်တန်းစာနဲ့ အခြေခံလူတန်းစား များ စသဖြင့် အကုန်ပါဝင်သည်။ အိမ် ခြံမြေ အခွန်လျော့လိုက်လို့ ရရှိမည့် အကျိုးကျေးဇူးနဲ့ အိမ်ခြံမြေ အခွန်ကို ဒီ အတိုင်း ၃၀ရာခိုင်နှုန်းထားလို့ ရရှိ မယ့်အကျိုးဆက်ကို ချိန်ထိုးဖို့ လိုပါပြီ။ ပြည်သူတွေရဲ့ စီးပွားရေးနဲ့ စားဝတ်နေရေး ကို တစ်ချက်လောက်တော့ စောင်းငဲ့ ကြည့်ဖို့ လိုပါပြီ။
တစ်ခါက ပုံပြင်တစ်ပုဒ် ဖတ်ခဲ့ဖူးသည်။ ဘုန်းကြီးက မေတ္တာပို့ဖို့ ပြောသည့်ပုံပြင်ဖြစ်သည်။ ကပ္ပိယဖြစ်သူ ကိုနောက်မှ ကျွဲက ဂျိုနဲ့ခွေ့ဖို့ လုပ်တာ ကိုက်၅၀လိုသည်။ ဘုန်းကြီးကမေတ္တာ ပို့ရန်ပြောသည်။ နောက် ကိုက်၂၀ ပဲလိုသည်။ ဘုန်းကြီးက မေတ္တာ ဆက်ပို့ရန် ပြောသည်။ နောက် ၁၀ ကိုက်ပဲ လိုသည်။ ဘုန်းကြီးက မေတ္တာ ပိုဖို့ ပြောတုန်း။ နောက် ၅ ကိုက်ပဲ လို သည်။ မေတ္တာပဲပို့ခိုင်းသည်။ ဒီအချိန်မှာ ကပ္ပိယက ဆက်ပြီး ဘုန်းကြီးမေတ္တာ ပို့ခိုင်းတဲ့အတိုင်း ဆက်ပို့ရင် သေဖွယ်ရာ ရှိသည်။ ဒီတော့ တွေ့တဲ့ အုတ်ခဲနဲ့ ကောက်ထုလိုက်မှ အသက်ဘေးမှ လွတ် ခဲ့သည်။
ယခုလည်း ဘဏ်အချို့မှာ ဘဏ်တိုးမသွင်းနိုင်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေ ရာချီနေပြီဟု ဆိုသည်။ ဘဏ်တစ်ခုမှာBlacklist သွင်းထား ခံရသူ ၂၀ကျော်နေပြီ။ ဒါကလည် ွှthe iceberg ပဲရှိနေသေးသည် ယခုလည်းdomino effect က တောက်လျှောက်လာနေပြီ။ ဒီEffectလို့ ပြန်ပြီး တန်ပြန်ဖို့က ငွေကြေးလည် ပတ်မှုကို အထောက်အကူပြုမည့် နည်း လမ်းမှန်သမျှလုပ်ဖို့လိုသည်။ အိန္ဒိ.ယကို ပဲမပို့ရတော့ပဲစားပွဲတော် လုပ်သလို၊ လူတွေ ကင်ဆာဖြစ်မှာကို ကာကွယ်ရန် ကွမ်းယာမစားဖို့ တိုက်တွန်းသလိုမျိုး ငွေ ကြေးစီးဆင်းမှု မြန်ဆန်ကောင်းမွန်ဖို့၊ အရောင်းအဝယ်တွေကောင်းဖို့၊ အိမ်ခြံ မြေအခွန်ကို စလျှော့ပြီး လျှော့သင့် လျှော့ ထိုက်တဲ့ ကြိုးနီစနစ်၊ လျှော့သင့်လျှော့ ထိုက်တဲ့ လုပ်ထုံးလုပ်နည်း၊ လျှော့သင့် လျှော့ထိုက်တဲ့ ကုန်သွယ်ခွန် အမြတ်ခွန် တွေ လျှော့ပြီး မက်လုံးပေးရင် စီးပွား ရေးလည်ပတ်မှုအဆင်ပြေနိုင်ပေလိမ့် မည်။ တိုင်းပြည်စီးပွားရေး ပြန်ကောင်း လာပြီး အရောင်းအဝယ်ပြန်ကောင်း လာလျှင်လည်း အခွန်ကို ပြန်တိုးကောက် သင့်ကောက်ပါ၊ တစ်သက်လုံး အခွန် တွေ လျှော့ကောက်ရမည်ဟုတော့ မဆိုလိုပါ။
Copy from U Myint Oo