“ငါတော်တော်အသုံးမကျတာပဲ၊ ငါက အပိုလူတစ်ယောက်ပဲ၊ ငါမရှိရင်တောင်
ကောင်းဦးမယ်၊ ငါက အားလုံးအတွက် ဒုက္ခတစ်ခုပဲ၊ ငါက ဘာအရည်အချင်းမှ မရှိဘူး”
အဲလို စကားလုံးမျိုးတွေ ရေရွတ်ခဲ့ဖူးလား။ ပြောဖူးကြလောက်မှာပါ
လူငယ်လေးတွေရဲ့ ကြုံနေကျ အဆိုးဆုံးခံစားမှုတွေထဲက တစ်ခုပဲလေ။ ဒီလို
အချိန်မျိုးမှာ ကိုယ်က တကယ့်အပိုလူတစ်ယောက်၊ မိသားစုတွေကို
ဒုက္ခပေးနေတဲ့သူတစ်ယောက်၊ အဖြစ်မရှိတဲ့သူတစ်ယောက် ပြောရရင် ရှင်လျက်နဲ့
သေလူတစ်ယောက်လိုပဲ။ မျှော်လင့်ချက်ဆိုတာ တစ်စွန်းတစ်စလေးတောင်
မရှိတဲ့အချိန်ပေါ့။
ပြောရရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုးတွေ၊ စိတ်ကျရောဂါတွေရဲ့ မူလအစထဲမှာ ဒီအကြောင်းအရင်းလည်း တစ်ခုအပါအဝင်ပါပဲ။ လူငယ်တွေအနေနဲ့ ဖြတ်ကျော်ဖို့ အရမ်းခက်ခဲတဲ့ ခံစားမှုတစ်ခုလေ။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အပိုလူတစ်ယောက်အဖြစ်၊ အသုံးမကျတဲ့သူတစ်ယောက် အဖြစ် ခံစားနေရတာ ဘာလို့လဲ။ တစ်ခုရှိတာက မျှော်လင့်ချက်သိပ်ကြီးလွန်းတာပါ တစ်ခါတစ်လေ လောဘများလွန်းသွားတာပေါ့။ ကိစ္စတစ်ခုခုအပေါ် ကိုယ့်မျှော်လင့်ချက်ကြီးလွန်းသွားတဲ့အခါ ဒါပေမယ့် မျှော်လင့်ထားသလို မှန်းထားသလို ဖြစ်မလာတဲ့အခါ ကိုယ်ကအသုံးမကျတာပဲ၊ အရည်အချင်းမရှိတဲ့သူပဲ ဆိုတဲ့ခံစားချက်မျိုး ဝင်လာရောလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်လုပ်နိုင်ခဲ့တာတွေ၊ ကိုယ့်ရဲ့အောင်မြင်မှုတွေကို
အသိအမှတ်မပြုတာပေါ့။ ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှုပဲဖြစ်ဖြစ်
ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲလို အသိအမှတ်ပြုတာမျိုး
မရှိဘူးဆိုရင် ဘဝမှာ ကိုယ်က တစ်ခါမှ မအောင်မြင်ခဲ့သလို၊ အမြဲကျရှုံးနေသူ
တစ်ယောက်လိုလို၊ ဝန်ထုပ်ဝန်ပိုးတစ်ယောက်လိုလို ခံစားရမှာအမှန်ပါ။
ဒီလိုမနေပါနဲ့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်
ဘယ်တော့မှ အထင်မသေးပါနဲ့။ အောင်မြင်မှုတွေ လုပ်နိုင်တာတွေ ဆိုလို့ အရမ်းကို
ကြီးမားတာမျိုးတွေ သွားပြီးစိတ်ကူးမယဉ်နေဖို့ မလိုပါဘူး။ တစ်ယောက်ယောက်ကို
အားပေးစကား ပြောခဲ့ဖူးတာလေးတွေ၊ စိတ်ရင်းနဲ့ ကူညီခဲ့တာလေးတွေ၊
တစ်ယောက်ယောက်ကို ပျော်အောင် လုပ်ပေးခဲ့တာလေးတွေ ဒါတွေအားလုံးကလည်း
အောင်မြင်မှုတွေထဲ အပါအဝင်ပါပဲ။ ကိုယ့်ရဲ့ ကောင်းတဲ့ အချက်လေးတွေက
ကိုယ့်ရဲ့အောင်မြင်မှုတွေပါ။ မြင်တတ်ဖို့ လိုပါတယ်နော်။
ဒီတစ်ခုကိုလည်း သတိရစေချင်ပါတယ် ကိုယ်က သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူး။ အရာအားလုံးကို ကိုယ့်ပုခုံးပေါ် ထမ်းထားနိုင်မှာလည်း မဟုတ်သလို တာဝန်လည်း မယူနိုင်ပါဘူး။ တစ်ခါတစ်လေ ရှုံးနိမ့်သွားတာတွေ ရှိမယ်၊ တစ်ခါတစ်လေ လက်လွတ်ဆုံးရှုံးလိုက်ရတာတွေလည်း ရှိမယ်၊ တစ်ခါတစ်လေ မှားယွင်းသွားတာတွေ ရှိမယ် အင်း တစ်ခါတစ်လေပေါ့ အဲလိုလေးတွေရှိတယ်။ အဲ့ဒါကလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး ဒီကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းပါပဲ။ သိရဲ့လား သူကတော်လိုက်တာ သူ့လိုဖြစ်ချင်လိုက်တာဆိုပြီး ကိုယ်နှိုင်းယှဉ်နေခဲ့မိတဲ့သူက သူ့ကိုယ်သူလည်း တခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်နေနိုင်တာပဲ။ တခြားလူတစ်ယောက်ကို သူအားကျနေနိုင်တာပဲ ဘယ်သူသိမှာလဲ။ ဒါပဲလေ လူတိုင်း မပြည့်စုံကြပါဘူး။ ကိုယ်ကလွဲလို့ တခြားသူတွေက အရည်အချင်းရှိတဲ့သူတွေချည်း မဟုတ်ပါဘူး။ မမှားဖူးတဲ့ သူလည်း မရှိဘူး။
ဘဝက နေတတ်ရင် ပျော်စရာကြီးပါတဲ့။ မှန်ပါတယ် နေတတ်ရင် ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ နေတတ်အောင်လည်း ကြိုးစားရမှာပါ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းကို ကိုယ်ပဲ ဖန်တီးတာလေ။ အသုံးမကျဘူးလို့ ခံစားနေရတယ်ဆိုတာလည်း ကိုယ်ကပဲ တွေးလို့ ဒီလိုခံစားနေရတာမို့လား။ တရားခံက ကိုယ်ပဲပေါ့။ ဒီလိုခံစားမိလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ လူတိုင်းနီးပါး ခံစားဖူးကြပါတယ်။ တစ်ခါတစ်လေ ခက်ခဲလွန်းရင် မွန်းကြပ်လွန်းရင် ငိုချလိုက်လို့လည်း ရပါတယ်။ အဲလိုပဲ လွှတ်ချတတ်အောင် ကြိုးစားရတာပါပဲ။ ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ခံစားချက်တွေကို ဖြေလျှော့တတ်အောင်၊ လွှတ်ချတတ်အောင်၊ ပျော်ရွှင်လာအောင်၊ ဘဝမှာ နေတတ်အောင် ကြိုးစားရမှာပါ။
ဒါ့ကြောင့် မျှော်လင့်ချက်မဲ့နေတဲ့အခါ၊ အသုံးမကျတဲ့လူတစ်ယောက်လို ခံစားနေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်ပါနဲ့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ အားသာချက်တွေကိုတော့ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ အဲ့ဒါတွေမေ့ပစ်လိုက်ရင် မျှော်လင့်ချက်ဆိုတာ တကယ်ကြီး လုံးဝပျောက်ကွယ်သွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါနော်။ ပြီးတော့ သူရဲကောင်းလုပ်စရာလည်း မလိုပါဘူး အရမ်းလည်း မျှော်လင့်ချက်မကြီးပါနဲ့။ ပုံမှန်အတိုင်းလေးပဲ မြင်တတ်အောင် ကြိုးစားပါ မဟုတ်ရင် ကိုယ်ပဲထိခိုက်ဖို့ များပါတယ်။ ကိုယ်က ဒီကမ္ဘာမှာ အတော်ဆုံးလူတစ်ယောက်လည်း မဟုတ်သလို လုံးဝအသုံးမကျတဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ လူတွေထဲက လူတစ်ယောက်ပဲလေ ဒါကိုမှတ်ထားပါနော်။
အားလုံးပဲ ကိုယ်ကိုယ်တိုင်အပေါ် အမြင်တွေ ပြောင်းလဲနိုင်ကြပါစေ။
ပြောရရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုးတွေ၊ စိတ်ကျရောဂါတွေရဲ့ မူလအစထဲမှာ ဒီအကြောင်းအရင်းလည်း တစ်ခုအပါအဝင်ပါပဲ။ လူငယ်တွေအနေနဲ့ ဖြတ်ကျော်ဖို့ အရမ်းခက်ခဲတဲ့ ခံစားမှုတစ်ခုလေ။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အပိုလူတစ်ယောက်အဖြစ်၊ အသုံးမကျတဲ့သူတစ်ယောက် အဖြစ် ခံစားနေရတာ ဘာလို့လဲ။ တစ်ခုရှိတာက မျှော်လင့်ချက်သိပ်ကြီးလွန်းတာပါ တစ်ခါတစ်လေ လောဘများလွန်းသွားတာပေါ့။ ကိစ္စတစ်ခုခုအပေါ် ကိုယ့်မျှော်လင့်ချက်ကြီးလွန်းသွားတဲ့အခါ ဒါပေမယ့် မျှော်လင့်ထားသလို မှန်းထားသလို ဖြစ်မလာတဲ့အခါ ကိုယ်ကအသုံးမကျတာပဲ၊ အရည်အချင်းမရှိတဲ့သူပဲ ဆိုတဲ့ခံစားချက်မျိုး ဝင်လာရောလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်လုပ်နိုင်ခဲ့တာတွေ၊ ကိုယ့်ရဲ့အောင်မြင်မှုတွေကို
အသိအမှတ်မပြုတာပေါ့။ ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှုပဲဖြစ်ဖြစ်
ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲလို အသိအမှတ်ပြုတာမျိုး
မရှိဘူးဆိုရင် ဘဝမှာ ကိုယ်က တစ်ခါမှ မအောင်မြင်ခဲ့သလို၊ အမြဲကျရှုံးနေသူ
တစ်ယောက်လိုလို၊ ဝန်ထုပ်ဝန်ပိုးတစ်ယောက်လိုလို ခံစားရမှာအမှန်ပါ။
ဒီလိုမနေပါနဲ့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်
ဘယ်တော့မှ အထင်မသေးပါနဲ့။ အောင်မြင်မှုတွေ လုပ်နိုင်တာတွေ ဆိုလို့ အရမ်းကို
ကြီးမားတာမျိုးတွေ သွားပြီးစိတ်ကူးမယဉ်နေဖို့ မလိုပါဘူး။ တစ်ယောက်ယောက်ကို
အားပေးစကား ပြောခဲ့ဖူးတာလေးတွေ၊ စိတ်ရင်းနဲ့ ကူညီခဲ့တာလေးတွေ၊
တစ်ယောက်ယောက်ကို ပျော်အောင် လုပ်ပေးခဲ့တာလေးတွေ ဒါတွေအားလုံးကလည်း
အောင်မြင်မှုတွေထဲ အပါအဝင်ပါပဲ။ ကိုယ့်ရဲ့ ကောင်းတဲ့ အချက်လေးတွေက
ကိုယ့်ရဲ့အောင်မြင်မှုတွေပါ။ မြင်တတ်ဖို့ လိုပါတယ်နော်။ဒီတစ်ခုကိုလည်း သတိရစေချင်ပါတယ် ကိုယ်က သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူး။ အရာအားလုံးကို ကိုယ့်ပုခုံးပေါ် ထမ်းထားနိုင်မှာလည်း မဟုတ်သလို တာဝန်လည်း မယူနိုင်ပါဘူး။ တစ်ခါတစ်လေ ရှုံးနိမ့်သွားတာတွေ ရှိမယ်၊ တစ်ခါတစ်လေ လက်လွတ်ဆုံးရှုံးလိုက်ရတာတွေလည်း ရှိမယ်၊ တစ်ခါတစ်လေ မှားယွင်းသွားတာတွေ ရှိမယ် အင်း တစ်ခါတစ်လေပေါ့ အဲလိုလေးတွေရှိတယ်။ အဲ့ဒါကလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး ဒီကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းပါပဲ။ သိရဲ့လား သူကတော်လိုက်တာ သူ့လိုဖြစ်ချင်လိုက်တာဆိုပြီး ကိုယ်နှိုင်းယှဉ်နေခဲ့မိတဲ့သူက သူ့ကိုယ်သူလည်း တခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်နေနိုင်တာပဲ။ တခြားလူတစ်ယောက်ကို သူအားကျနေနိုင်တာပဲ ဘယ်သူသိမှာလဲ။ ဒါပဲလေ လူတိုင်း မပြည့်စုံကြပါဘူး။ ကိုယ်ကလွဲလို့ တခြားသူတွေက အရည်အချင်းရှိတဲ့သူတွေချည်း မဟုတ်ပါဘူး။ မမှားဖူးတဲ့ သူလည်း မရှိဘူး။
ဘဝက နေတတ်ရင် ပျော်စရာကြီးပါတဲ့။ မှန်ပါတယ် နေတတ်ရင် ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ နေတတ်အောင်လည်း ကြိုးစားရမှာပါ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းကို ကိုယ်ပဲ ဖန်တီးတာလေ။ အသုံးမကျဘူးလို့ ခံစားနေရတယ်ဆိုတာလည်း ကိုယ်ကပဲ တွေးလို့ ဒီလိုခံစားနေရတာမို့လား။ တရားခံက ကိုယ်ပဲပေါ့။ ဒီလိုခံစားမိလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ လူတိုင်းနီးပါး ခံစားဖူးကြပါတယ်။ တစ်ခါတစ်လေ ခက်ခဲလွန်းရင် မွန်းကြပ်လွန်းရင် ငိုချလိုက်လို့လည်း ရပါတယ်။ အဲလိုပဲ လွှတ်ချတတ်အောင် ကြိုးစားရတာပါပဲ။ ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ခံစားချက်တွေကို ဖြေလျှော့တတ်အောင်၊ လွှတ်ချတတ်အောင်၊ ပျော်ရွှင်လာအောင်၊ ဘဝမှာ နေတတ်အောင် ကြိုးစားရမှာပါ။
ဒါ့ကြောင့် မျှော်လင့်ချက်မဲ့နေတဲ့အခါ၊ အသုံးမကျတဲ့လူတစ်ယောက်လို ခံစားနေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်ပါနဲ့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ အားသာချက်တွေကိုတော့ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ အဲ့ဒါတွေမေ့ပစ်လိုက်ရင် မျှော်လင့်ချက်ဆိုတာ တကယ်ကြီး လုံးဝပျောက်ကွယ်သွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါနော်။ ပြီးတော့ သူရဲကောင်းလုပ်စရာလည်း မလိုပါဘူး အရမ်းလည်း မျှော်လင့်ချက်မကြီးပါနဲ့။ ပုံမှန်အတိုင်းလေးပဲ မြင်တတ်အောင် ကြိုးစားပါ မဟုတ်ရင် ကိုယ်ပဲထိခိုက်ဖို့ များပါတယ်။ ကိုယ်က ဒီကမ္ဘာမှာ အတော်ဆုံးလူတစ်ယောက်လည်း မဟုတ်သလို လုံးဝအသုံးမကျတဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ လူတွေထဲက လူတစ်ယောက်ပဲလေ ဒါကိုမှတ်ထားပါနော်။
အားလုံးပဲ ကိုယ်ကိုယ်တိုင်အပေါ် အမြင်တွေ ပြောင်းလဲနိုင်ကြပါစေ။





0 comments:
Post a Comment