နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံးသော အခန်းကဏ္ဍတွေထဲမှာ
ပညာရေးဆိုတာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလို နည်းပညာဖွံ့ဖြိုးနေတဲ့
၂၁ရာစုခေတ်မှာဆို ပိုတောင်ဆိုးတာပေါ့ သင်ယူစရာတွေ ပိုများလာသလို
ကျောင်းသားတွေကလည်း ပိုတော်လာကြတယ်၊ ပိုလေ့လာကြတယ်၊ ပိုပြီး
အမြင်ကျယ်လာကြတယ် ပြောရရင် တကယ့်ကို အပြိုင်အဆိုင်ပါပဲ။ ကျောင်းသားတွေ
ပိုကြိုးစားလာလေလေ သူတို့အတွက် ပညာရေးအခွင့်အလမ်းတွေ၊
အပေါ်ကိုရောက်နိုင်မယ့် လှေကားထစ်တွေ ပိုများလာလေလေပါ။ ဒီလို
အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကရော ဘယ်လိုဖြစ်နေလဲ???
အင်းပေါ့ ကိုယ်တွေနိုင်ငံရဲ့ စနစ်ကို တခြားနိုင်ငံကြီးတွေနဲ့ ယှဉ်လို့တော့ မရဘူးပေါ့ ပြီးတော့ အခွင့်အလမ်းတွေလည်း နည်းပါးတယ်လေ။ ပညာရေးစနစ်က ပြောရရင် copy and paste လိုပါပဲ ပေးထားတဲ့စာတွေကို ကျက်တယ်၊ အလွတ်မှတ်တယ် ပြီးရင် စာမေးပွဲမှာ ကျက်ခဲ့သမျှ အိတ်သွန်ဖာမှောက် ဖြေရတယ် ဒီစာကို ကျောင်းသားနားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေပေါ့။ ဒီလိုနဲ့ ကျောင်းသားမှာ ဆက်စပ်စဉ်းစားနိုင်စွမ်း၊ တွေးတောကြံဆနိုင်စွမ်းတွေ နိမ့်ကျလာတယ် အဲ့ဒီအစား copy/paste လုပ်ဖို့တွေ ပိုပိုပြီး ဝန်ပိလာတယ်လေ။ ဒါမြန်မာနိုင်ငံက လူငယ်အားလုံးသိကြတဲ့ အမှန်တရားတစ်ခုပါပဲ။
ဒါပေမယ့် ဒီတစ်ခါ ပညာရေးစနစ်ဆိုတာထက် နည်းနည်းလေး ဖောက်ထွက်ပြီး စဉ်းစားကြည့်ရအောင်။ ပညာရေးစနစ်ကို ယှဉ်ကြည့်တာထက် ကျောင်းသားတွေရဲ့ အားထုတ်မှုချင်း ယှဉ်ကြည့်မယ်။ ဘာလို့ဆို အဓိက ဒီလိုကိစ္စမျိုးမှာ ခေတ်စနစ်ကို အပြစ်တင်တာပိုများပြီး ကိုယ့်ရဲ့အားထုတ်မှုက ဘယ်လိုဖြစ်နေလဲ ဆိုတာ သတိမပြုမိကြတာ များပါတယ်။ ကဲ စဉ်းစားကြည့်မယ် ပညာရေးစနစ်က ဒီလိုဖြစ်နေပေမယ့် ကျောင်းသားတွေဘက်ကရော နားလည်ဖို့ ကြိုးစားကြသလားဆိုတာပါ။ ပညာရေးအပိုင်းမှာ ဆရာတွေကို အပြစ်ဖို့ချင်တယ်ဆိုရင်တော့ ကျောင်းသားတွေကို တကယ်စေတနာထားပြီး ဆရာကောင်း ပီသသူတွေမှ အများကြီးပါပဲ။
ရလဒ်ကိုပဲ အခြေခံပြီး ကြည့်မယ်ဆိုရင် တကယ်တော်တဲ့ ကျောင်းသားတွေ ရှိတယ်၊ တကယ်ကြိုးစားတဲ့သူတွေ ရှိတယ်၊ တကယ်အောင်မြင်သွားတဲ့ သူတွေလည်း ရှိတယ်။ ဒါဖြင့် ကွာခြားမှုက ဘာလဲ။ ပညာရေးစနစ်တစ်ခုတည်း အောက်မှာကို ဘာလို့တစ်ချို့ လူငယ်တွေကျ ပိုအောင်မြင်ပြီး ပိုတော်နေရသလဲ။ အများအားဖြင့် ပြဿနာက ကြိုးစားချင်စိတ်မရှိတာပါ။ သူတို့လို လိုက်ပြီး အောင်မြင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းမှာ အားသာချက် အားနည်းချက်ရှိတယ် တစ်ယောက်နဲ့ တစ်ယောက်လည်း အောင်မြင်တဲ့နေရာချင်း၊ အောင်မြင်ပုံချင်း မတူနိုင်ဘူးလေ။ အညာဒေသဘက်တွေမှာဆို ပိုတောင်ဆိုးတာပေါ့။ ကျောင်းသားအများစုက ကြိုးစားချင်စိတ်မရှိကြဘူး၊ ဘဝကို ကြိုက်သလိုလေလွင့်ကြတယ် ပညာရေးစနစ်က မကောင်းဘူး၊ ဘာမှအခွင့်အလမ်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ တကယ်တော့ ဒါအကြောင်းပြချက်သက်သက်ပါပဲ။ လေလွင့်ပြီး အချိန်ဖြုန်းနေတာ ကိုယ်ကိုယ်တိုင်ပဲလေ ဒီလိုပုံစံနဲ့ဆိုရင်တော့ ဘယ်တော့မှ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။
ပညာရေးအခွင့်အလမ်း နည်းတာတော့ မှန်ပါတယ် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်ပေါ့ ဒါပေမယ့် လုံးဝကြီး မရှိတာတော့ မဟုတ်ဘူးလေ။ ၂၁ရာစုမှာတော့ အရင်ကနဲ့စာရင် အများကြီး တိုးတက်လာသလို ပညာရေးပိုင်းမှာ အခွင့်အလမ်းတွေကော များလာတာအမှန်ပါ။ အညာဒေသဘက်တွေမှာလည်း အဲလိုပါပဲ အပေါ်ကိုတက်နိုင်မယ့် လှေကားနည်းတာတော့ မှန်ပေမယ့် တက်ဖို့လှေကားလုံးဝမရှိတာတော့ မဟုတ်ပါဘူး။ အညာဒေသဘက်ကနေ တစ်ချို့လူငယ်လေးတွေ အပေါ်ကို ရောက်လာတဲ့သူတွေ၊ အပေါ်ကို ဖြည်းဖြည်းချင်းတက်နေတဲ့သူတွေ အများကြီးပါ။ သူတို့ကကျ ရှိတဲ့အခွင့်အရေးကို ရအောင်ကြိုးစားတယ်၊ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားတယ်လေ။ ဒါပါပဲ အဖြေက ပညာရေးစနစ်မကောင်းလို့ ဆိုတာတင်မဟုတ်ဘဲ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှု၊ ကြိုးစားမှု၊ လေ့လာအားထုတ်မှုတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။
နိုင်ငံခြားနဲ့ ယှဉ်ချင်လှပါတယ်ဆိုရင် သူတို့ဘယ်လိုကြိုးစားကြလဲ၊ ဘယ်လောက်လေ့လာလဲ၊ စာဘယ်လောက်ဖတ်လဲ၊ သူတို့သင်ယူနေတဲ့အရာကို ဘယ်လောက်ထိ နားလည်ဖို့ ကြိုးစားလဲ စဉ်းစားကြည့်ပါ။ ကိုယ်ရော ပုံမှန်စာဖတ်ဖြစ်ရဲ့လား၊ ကိုယ်သင်ယူနေတာကို တကယ်နားလည်ရဲ့လား နားလည်ဖို့ရော ကြိုးစားရဲ့လား ဒီနေရာမှာ နားလည်ဖို့ ကြိုးစားတယ်ဆိုတာ စာအုပ်ကိုပဲ ထိုင်ဖတ်နေပြီး ဘယ်လောက်ဖတ်ဖတ် နားမလည်ဘူးလို့ ညည်းခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ်သင်ယူနေတဲ့ အရာနဲ့ ပက်သက်ပြီး လေ့လာရမယ်၊ ပိုဖတ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ မေးခွန်းတွေ မေးရမယ် ၁နဲ့၁ ပေါင်းလို့ ၂ရတယ်ဆိုတာ သိရင် တခြားဘယ်လိုနည်းနဲ့ ၂ရနိုင်သေးလဲ လေ့လာဖို့က ကိုယ့်တာဝန်ပါ။ ကိုယ်က ကျောင်းသားတစ်ယောက်ဆို ကျောင်းသားတာဝန်ကျေဖို့ ကြိုးစားရပါမယ်နော်။ ကျောင်းသားတာဝန်ကလည်း ကြီးပါတယ် ကျောင်းသွားပြီး ဆရာသင်တာ နားထောင်နေရုံ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်အရာတွေက ကိုယ့်တာဝန်လဲဆိုတာလည်း သိဖို့ ကြိုးစားစေချင်ပါတယ်။
ပညာရေးနဲ့ ပက်သက်ပြီး၊ ကိုယ့်ရှေ့ရေးတိုးတက်ဖို့နဲ့ ပက်သက်ပြီး ပညာရေးစနစ်မကောင်းလို့၊ ဆရာအသင်အပြ မကောင်းလို့ ဒါတွေထက် ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ လိုအပ်မှုတစ်ခုခုအပေါ် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တာမျိုးထက် တခြားသူကို လက်ညိုး ပိုထိုးတတ်ကြတာမို့လား။ ဒီလိုဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် မြင်နိုင်မှာ မဟုတ်ပါဘူး။ အရင်ဆုံး ကိုယ်ကိုယ်ကိုယ် မြင်ဖို့ အရေးကြီးပါတယ်။ ပြီးမှ ကိုယ်ဘယ်မှာရပ်နေလဲ၊ ဘယ်နေရာသွားရမလဲ ကြည့်ရမှာပါ။ ဒါအပေါ်ရောက်ဖို့ အရိုးရှင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ။
အားလုံးပဲ အခွင့်အရေးတွေကို အသုံးချနိုင်ပြီး အောင်မြင်တဲ့လမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။

0 comments:
Post a Comment